Main menu

Background

ထိုင်းလုပ်သားတို့ရဲ့ ကြွေးမြီ ဝန်ထုပ်အမြင့်ဆုံးသို့ရောက်

Mon, 07/01/2013 - 16:13 -- ydnar

ယခုနှစ်မှာ ထိုင်းလုပ်သားတွေရဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခကို ဘတ် ၃၀၀ အထိ တိုးမြှင့်ပေးခဲ့ပေမဲ့ အဓိက အား ဖြင့် နေထိုင်စရိတ်မြင့်မားတဲ့အတွက် ထိုင်းလုပ်သားတွေရဲ့ပခုံးပေါ်မှာ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးက ငါးနှစ်အတွင်း အမြင့် ဆုံးကိုရောက်ရှိခဲ့ကြောင်း ထိုင်းကုန် သည်ကြီးများအသင်းတက္ကသိုလ် (UTCC) က စစ်တမ်းတစ်ခုမှာဖော်ပြ ထားတာကို နေရှင်းသတင်းမှာဖောြ်ပ ထားပါတယ်။

ပျမ်းမျှအလုပ်သမားမိသားစုရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးက ထူးထူးခြားခြား မြင့်တက်နေပြီး အန္တရာယ်ရှိတဲ့အဆင့် ကို ရောက်ရှိနေကြောင်း၊ တစ်လကိုဘတ် ၁၅၀၀၀ အောက်ရတဲ့မိသားစုက ငွေကို ချေးယူနေရကြောင်း၊ (UTCC) စစ်တမ်း မှာဖော်ပြထားပါတယ်။ စစ်တမ်း ကောက်ယူသည့်အထဲတွင် လူ ၁၂၀၀ ပါဝင်ခဲ့ရာ ယခုနှစ်အတွင်း မိသားစု တစ်ခုကိုပျမ်းမျှကြွေးမြီ ၁၈၈၇၇၄ ဘတ် ထိရောက်ရှိခဲ့ကြောင်း၊ ယခုနှစ်ကရှိခဲ့တဲ့ ပျမ်းမျှကြွေးမြီ ၁၆၈၅၁၇ ဘတ်ထက် ၁၂ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း (UTCC) စစ်တမ်းအရသိရပါတယ်။ စုစုပေါင်းကြွေးမြီတန်ဖိုးအနက် ၅၀ ဒသမ ၄ ရာခိုင်နှုန်းက ဘဏ်နဲ့ တခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေက ဖြစ်ပြီး ၄၉ ဒသမ ၆ ရာခိုင်နှုန်းက တရားမဝင်မြေအောက်ငွေချေးငှားသူ တွေထဲက ချေးယူထားတဲ့ငွေတွေဖြစ်ပါ တယ်။ စစ်တမ်းတွင် ပါဝင်သူများ အနက် ၆၄ ဒသမ ၆ ရာခိုင်နှုန်းက ကြွေးမြီအခက်အခဲပြဿနာတွေရှိနေပြီး ကုန်လွန်ခဲ့တဲ့ နှစ်ကတည်းကကြွေးတွေ ဆပ်ဖို့ရှိနေသူက ၇၀ ရာခိုင်နှုန်းရှိနေပါ တယ်။ မိုးထိအောင်မြင့်တက်နေတဲ့ လူနေမှုစရိတ်ကိုကာမိဖို့အတွက် ဝင်ငွေ မရတာကြောင့် ထိုင်းလုပ်သားတွေ အတွက် ကြွေးမြီဝန်ထုပ်ကပြင်းထန်တဲ့ အခြေအနေရှိနေကြောင်း (UTCC) မှ ညွှန်ကြားရေးမှူးသာနာဘတ်ဖွန်ဗီချိုင်း ကပြောပါတယ်။