Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Mon, 07/01/2013 - 16:09 -- ydnar

ရှန်ဟဲ  ရက်သတ္တပတ်များစွာ ထိန်း ချုပ်မှုကြောင့်ဘဏ္ဍာရေး ဈေးကွက် စနစ်အတွင်း အသံဗလံ များ ပေါ် ပေါက်ခဲ့ပြီး နောက်ပိုင်း ဈေးကွက် တည်ငြိမ်မှုရှိစေဖို့အတွက် ငွေဖြစ် လွယ်မှုကို "ထိန်းညှိဖို့" ဆောင်ရွက် မှာ ဖြစ်ကြောင်း ဇွန် ၂၈ ရက်က တရုတ် ဗဟိုဘဏ်ရဲ့ ပြောကြားချက်ကို အေအက်ဖ်ပီ သတင်းမှာ ဖော်ပြ ထားပါတယ်။ ငွေဖြစ်လွယ်မှုအဆင့် ကို ထိန်းညှိဖို့ နည်းကုန်လမ်းကုန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှန်ဟဲ မှာပြုလုပ်တဲ့ဘဏ္ဍာရေးဖိုရမ်မှာဘဏ် အကြီးအကဲ Zhou Xiaochuan က ပြောပါတယ်။

 
 
ဘရပ်ဆဲလ် ဥရောပ သမဂ္ဂက မိုဘိုင်းဖုန်းနဲ့ အသုံးပြုတဲ့ဧရိယာပြင်ပပြောဆိုနှုန်း (Roaming Rate) ကို  ကုန်လွန်ခဲ့တဲ့ ရက်သတ္တပတ်က၃၆ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။ ဒါကြောင့်ဥရောပ ဒေသတွင်းခရီးထွက်ကြမဲ့ ခရီးသွား တွေ အတွက် စမတ်ဖုန်း အသုံးပြုမှု အတွက် ငွေကုန်မှာ ထိတ်လန့်နေ စရာလိုမှာ မဟုတ်ကြောင်းနဲ့ ယခု သတ်မှတ်နှုန်းက ၂၀၀၇ ခုနှစ်နဲ့နှိုင်း ယှဉ်ရင် ၉၁ ရာခိုင်နှုန်း ပိုမိုသက်သာ သွားကြောင်း အေအက်ဖ် ပီသတင်း မှာ ဖော်ပြထားပါတယ်။
ဝါရှင်တန် လူ ၁၁၀၀ သေဆုံးခဲ့ရတဲ့ စက်ရုံ အဆောက်အအုံပြိုကျမှုနောက်ပိုင်း အလုပ်သမားအတွက်ဘေးအန္တရာယ် ကြီးမားတဲ့ အခြေအနေတွေကို အကြောင်းပြုပြီး ဘင်္ဂလားဒေ့ရှ် ကို ပေးထားတဲ့ ကုန်သွယ်ရေး အခွင့်ထူး တွေကို အမေရိကန်ပြည်ထောင်စုက ဇွန် ၂၇ ရက်က ရုပ်သိမ်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြထား ပါတယ်။ အမေရိကန် သမ္မတ ဘား ရက် အိုးဘားမား အမိန့်စာမှာ  GSP  အစီအစဉ်အရ ပေးထားတဲ့ အထူး အခွင့်အရေးတွေကို ပိတ်ပင်ခဲ့ပါ တယ်။တိုကျို ဂျပန်နိုင်ငံရဲ့ မေလ စက်ရုံကုန် ထွက်က ၂ ရာခိုင်နှုန်းတိုးတက်နှုန်းနဲ့ ခန့်မှန်းထားတာထက် ပိုမိုတိုးတက် ခဲ့ ကြောင်း ဇွန် ၂၈ ရက်က ထုတ်ပြန်ခဲ့ တဲ့ တရားဝင်စာရင်းဇယားအချက် တွေမှာတွေ့ရပါတယ်။ ဒါကိုကြည့် ခြင်း အားဖြင့်ကမ္ဘာ့မှာတတိယအကြီး မားဆုံး စီးပွားရေးကို ထိန်းချုပ်ဖို့ ဂျပန် အစိုးရရဲ့ ကြိုးပမ်းချက်တွေ အထိုက်အလျောက် အောင်မြင်တာ ကို ပြသနေကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။