ထိုင်း ဆန်ထုပ် ရောင်းချသူတို့က စွပ်စွဲချက်ကိုငြင်းဆို
ထိုင်းရှေ့ဆောင်ဆန်ထုပ်ပိုးရေး လုပ်ငန်းများက နိုင်ငံတော်သိုလှောင် ဆန်များကို ယူရောင်းတယ်ဆိုတဲ့စွပ်စွဲ ချက်ကိုငြင်းဆိုလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြ ပါတယ်။ သူတို့မှာ သူတို့ကိုယ်ပိုင် စာ ချုပ်ထားတဲ့ ဆန်စက်တွေရှိကြောင်းနဲ့ သီးနှံတွေကို လယ်သမားတွေတိုက်ရိုက် ဝယ်ယူထားတာဖြစ်ကြောင်း သူတို့က ပြောပါတယ်။ ဒီလို ငြင်းဆိုတာက အစိုးရရဲ့ အပေါင်းထားအစီအစဉ်အရဆောင်ရွက် တဲ့ ဆန်ကင်းရှင်းကြောင်း လုပ်ငန်း ဆောင်ရွက်နေသူတွေက ရည်ရွယ်ပြီး လှုပ်ရှားဆောင်ရွက်လာတာ ဖြစ်ပါ တယ်။
သီးနှံအများစုကို ဈေးကွက်ပေါက် ဈေးအောက်လျော့ပြီးရောင်းတဲ့အတွက် အမြတ်ရနိုင်တာကြောင့် ယခင်ကနိုင်ငံ တော်ကရောင်းတဲ့ ဆန်တွေကဆန်ကုန် သည်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ အခြေ အနေကပြောင်းလဲသွားခဲ့ပါတယ်။ လုပ် ငန်းဆောင်ရွက်နေသူအတော်များများ က နှစ်နဲ့ချီပြီး သိုလှောင်ထားတဲ့ ဆန် တွေကိုအကြောင်းအမျိုးမျိုးကြောင့် မကြိတ်ခွဲချင်ကြပါဘူး။ စနစ်တကျ မဟုတ်ဘဲ ရေရှည် သိုလှောင်ထားတဲ့ ဆန်တွေက မှိုစွဲနိုင်ကြောင်း ဆိုရှယ်မီ ဒီယာတွေကနေ လူပြောသူပြောများ လာပြီးတဲ့နောက်ပိုင်း အပေါင်ခံထားတဲ့ ဆန်တွေရဲ့ အရည်အသွေးကိုမေးခွန်း ထုတ်စရာဖြစ်လာပါတယ်။ ၂၀၁၁-၁၂ ခုနှစ်သီးနှံရာသီကစ ခဲ့တဲ့ အစိုးရရဲ့ အပေါင်ခံ အစီအစဉ် တုန်းက ဝယ်ထားတဲ့ဆန်တွေကို အစိုး ရကရောင်းချနိုင်ခြင်းမရှိပါဘူး။ အဲဒီလို ဖြစ်တဲ့အတွက် ကြိတ်ခွဲပြီး၊ ဆန်တန် ၁၇ သန်း ၁၈ သန်းလောက် ပုံနေပါတယ်။ အရောင်းထိုင်းတဲ့အတွက် ပိုးသတ်ဆေး အသုံးလွန်နေပြီးဆန်တွေမှာ မှိုစွဲနေလို့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ် ဆိုပြီးပြောလာကြပါတယ်။ ပြည်တွင်းမှာပြန်ရောင်းဖို့ ပြန် ထုပ်တဲ့ ဆန်တွေကို နိုင်ငံတော် သို လှောင်ရုံတွေကကုမ္ပဏီမှ မရခဲ့ကြောင်း၊ Royal Umbrella အမှတ်တံဆိပ်နဲ့ ထုပ်ပိုးမှုလုပ်ငန်းဆောင်ရွက်နေတဲ့ CP Intertrade ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌ ယောင်ယွမ်ဖတ်မာဟာဒမ်ရောင်းက ပြောပါတယ်။ အပေါင်ခံ အစီအစဉ်အရ ဆန် အကြမ်းဖျင်း တန် ၇၀၀၀ လောက်ကျွန် တော်တို့ ပြီးခဲ့တဲ့နှစ်က လေလံအောင် ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဒီဆန်တွေ အားလုံးကိုနိုင်ငံခြားကို ပို့ပြီးပါပြီ။ အစိုး ရဆီကဆန်တွေမှိုစွဲနေတာ ဆိုရင်တောင် ကျွန်တော်တို့ဖောက်သည်တွေကို ကျွန် တော်တို့ရောင်းတာက အဲဒီဆန်မဟုတ် ပါဘူး" လို့ မနေ့ကပြုလုပ်တဲ့ ရှင်းလင်း ပွဲမှာ သူကပြောပါတယ်။ ဟုန်မလီ အမျိုးအစား ဆန်ကျိုး တန် ၆၈၀၀ နဲ့ဆန်ဖြူအမျိုးအစားတန် ၁၈၀၀ ကို ပြည်ပတင်ပို့ဖို့ ထိုင်းစီးပွား ရေးနဲ့ကူူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြုလုပ်တဲ့လေလံကို ယခင်နှစ် က စီပီအင်တာနေရှင် နယ်က လေလံ အောင်ခဲ့ပါတယ်။ ဒီဆန်မျိုးတွေက ပြည်တွင်းမှာလူကြိုက်နည်းကြောင်း မစ္စတာ ယောင်ယွပ် ကပြောပါတယ်။ အထုပ် ထုပ်တဲ့ ဆန်တွေရဲ့ အရည်အသွေးကို အာမခံချက်ပြည့်ဝဖို့ အတွက် ကုမ္ပဏီရဲ့ ထုပ်ပိုးမှုစနစ် က ကောင်းမွန်တဲ့ကုန်ထုတ်လုပ်မှုအလေ့ အကျင့် GMP နဲ့အန္တရာယ်စိစစ်မှု အရေးကြီးထိန်းချုပ်မှုအမှတ်(HACCP) စံနှုန်းတွေနဲ့ကိုက်ညီရပါတယ်။ "မိုက်ကရုပ်ပိုးတွေနဲ့အဆိပ်အ တောက်ပါဝင်မှုပမာဏကိုတိုင်းတာဖို့ နဲ့ ဆန်တွေကိုပိုးသတ်ဆေးအလွန် အကျွံထည့်ထားမထားဆုံးဖြတ်နိုင်ဖို့ ဇီဝဗေဒစမ်းသပ်ချက်တွေကို ကျွန်တော် တို့ မဖြစ်မနေ လုပ်ရပါတယ်" လို့ မစ္စတာ ယောင်ယွပ်ကပြောပါတယ်။ ဆန်ထုပ်ရဲ့လေဘယ်မှာ ဒီလိုစံနှုန်း သတ်မှတ်ချက်တွေပါမပါ ကြည့်ဖို့နဲ့ အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အက်ဖ်အီအေ)က ထုတ်ပေးတဲ့အရည် အသွေးအမှတ်အသားပါမပါ ကြည့်ဖို့ စားသုံးသူတွေကို အကြံပြုထားပါ တယ်။ ဆန်ထုတ်လုပ်တဲ့အရင်းအမြစ်ကလည်း အရေးပါပါတယ်။ နိုင်ငံတော် သိုလှောင်ရုံတွေက ဆန်တွေကို သူတို့မရဘူး။ သူတို့နဲ့ကန် ထရိုက်စာချုပ်ချုပ်ထားတဲ့ ဆန်စက် ၄၀ ဆီကရတာပါလို့ စီပီအင်တာနေရှင် နယ်က ပြောပါတယ်။ ဆန်တွေကို အယုဒ္ဓယပြည်နယ်မှာရှိတဲ့ ကုမ္ပဏီရဲ့ စက်ရုံ နှစ်ခုမှာ ပြုပြင်ထုပ်ပိုးပါတယ်။ သူနဲ့ တခြား ဆန်ထုပ် ထုပ်တဲ့ ကုမ္ပဏီတွေက ဆန်ကိုစိုက်ပျိုးသူတွေနဲ့ ဆန်စက်တွေကိုတိုက်ရိုက်ဝယ်ကြောင်း သူတို့နဲ့ကောင်းကောင်းချိတ်ဆက်ထား ပြီးသားဖြစ်ကြောင်း အခြား ထုပ်ပိုး ကုမ္ပဏီက ပြောပါတယ်။ ဒီကုမ္ပဏီက ကိုင်ကိုင်ဈေးဆိုတဲ့အမှတ်တံဆိပ်ရဲ့ ဆန် ထုပ် တွေဖြန့်ဖြူးတဲ့ ဘွန်သွန်တန်ယာ ဆတ် ကုမ္ပဏီဖြစ်ပါတယ်။ အပေါင်ထားစနစ်အရ ဆန်ဖြူ စပါးတစ်တန်ကို ဘတ် ၁၅၀၀၀ ဈေးနဲ့ ဟုန်မာလီ စပါးတစ်တန်ကို ဘတ် ၂၀၀၀၀ ရှိပါတယ်။ ဒီအစီအစဉ်စခဲ့တဲ့ ၂၀၁၁ ခုနှစ်နှောင်ပိုင်းက ဈေးကွက် ပေါက်ဈေးထက် ၄၀ ရာခိုင်နှုန်း လောက်ဈေးစွာနေတဲ့အတွက် ဆန် အများစုက အစိုးရဆီကိုရောက်သွားပါ တယ်။ အဆက်အသွယ်ကောင်းတွေရှိ နေတဲ့အတွက် အစိုးရဆီကမဝယ်ရဘဲ ဘွန်သွန်တန်ယာဆက်က ဆန်ကိုပုံမှန် ဝယ်လို့ရနေကြောင်း လုပ်ငန်းအုပ်ချုပ် မှုဒါရိုက်တာ တီးရင်တန်ယာဝပ်တာနာ ကူးကပြောပါတယ်။ ရောင်းသူတွေနဲ့ ဆက်ဆံခဲ့တာ နှစ် ၃၀ ကျော်ခဲ့ပေမဲ့ ဆန်ဝယ်တဲ့အခါ အစိုးရဈေးနဲ့ တစ်ပြေးတည်းသို့မဟုတ် ပိုပြီး ပေးခဲ့ရကြောင်း ချွန်ဘူရီဆန် ထုပ် ဖြန့်ဖြူးရေးလုပ်ငန်းက ပြောပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ ဆန် အမှတ်တံဆိပ် ၂၅ လောက်ရှိတဲ့ အတွက် GMP နဲ့ HACCP အသိ အမှတ်ပြုအမှတ်အသားတွေကို မဝယ် ခင်ကြည့်ဖို့ မစ္စတာတီးရင်းက အကြံပေး ပါတယ်။ ယေဘုယျအားဖြင့်တော့ ဓါ တုဆေးတွေနဲ့ ၇ ရက်ကနေ ၁၀ ရက် လောက်ပိုးသတ်ထားပြီး ဆန်စက်တွေ ကအင်းဆက်တွေ ရန်ကကာကွယ်ပေး တတ်ကြောင်း သူကပြောပါတယ်။ ဆန် ကိုပိုးသတ်တာက ဖေါ့စဖင်းဖြစ်ပြီး ဒီ ဈေးက ပို့ကုန်လုပ်ငန်းတွေအတွက်သုံး ဖို့ ကုလသမဂ္ဂကသတ်မှတ်ထားတဲ့ ဈေးဖြစ်ပါတယ်။ ဉာဏ်တင်
