Main menu

Background

ဇူလိုင်လပထမပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ရန်ကုန်ဝယ်လက်ငုံနီ ပြန်ရောင်းနေ

Mon, 07/08/2013 - 12:08 -- ydnar

 
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ပထမပတ်ပဲဈေးကွက်မှာ ဒေသသုံးနဲ့ ကုန်သည်ဝယ်လက်အတွက် ကုလားပဲ၊ ပဲစင်းငုံနီ၊ ပဲကြီး၊မတ်ပဲတို့ အရောင်းအဝယ်အေးခဲ့ပြီး၊ Export  ဝယ်လက် အတွက် စိမ်းကြီး၊ ပဲပုတ်နဲ့ စွန်တာနီတို့ အနည်းငယ် အရောင်း အဝယ်သွက်ခဲ့ပါတယ်။ ကုလားပဲဈေးကွက်အနေနဲ့ ဒေသတွင်း ကုန်သည်တွေ မှာ ပဲလက်ကျန်ရှိသေးသလို Export   ဝယ်လိုအား မရှိဘဲ ဒေသခံလက်လီသမားတွေနဲ့ ကြာဇံစက်သမား၊ ခွဲစက်သမား တွေသာ အဝယ်ရှိ လို့ ဈေးဆက် လက်အေးနေရာ ယခုတစ် ပတ်အတွင်း ကုလားပဲရိုးရိုးတစ်တင်း ၁၆၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၇၀၀၀ ကျပ်၊ 929 တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ V2 တစ်တင်း ၁၇၂၀၀ ကျပ်ထိ အသီးသီးကျဈေးဖြစ်ခဲ့ပါ တယ်။

အရောင်းအဝယ်အားဖြင့် ကြာဇံစက် သမားတွေ အတွက် V2 ဟာ မပါမဖြစ် ထည့်သုံးရတဲ့ပဲဖြစ်လို့ ခုလိုကျဈေး ပေါက်ချိန်မှာ ဝယ်လိုအားများလာတဲ့ အတွက် တစ်ရက်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားအရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါ တယ်။ ယခုတစ်ပတ်စိမ်းကြီးဈေးကွက်မှာတော့ နယ်ကပဲအဝင် လျော့လာခဲ့ပြီး၊ မန်းလက်ပုံမှန်အဝယ်ရှိ လို့ ဈေးဆက်လက်မာ နေရာတစ်တင်း ၂၇၀၀၀ ကျပ်နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာအရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင် ရပ်ကွက် ကဆိုပါတယ်။ ပဲတီစိမ်းကြီးအောက်စကိုတော့ တစ်တင်း ၂၅၅၀၀ ကျပ်ပေါက်ပြီး၊ စိမ်းသေးတစ်တင်း ၂၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တစ်တင်း ၂၀၇၀၀ ကျပ်ထိ အမြင့်ဆုံးပေါက်ခဲ့ရာမှ ဇူလိုင် ပထမပတ်မှာ တစ်တင်း ၁၈၄၀၀ ကျပ်ထိ အနိမ့်ဆုံးကျဆင်း ခဲ့ပါတယ်။ ဈေးကွက်မှာ ရန်ကုန်က ဝယ်လက်အချို့ ဝယ်ယူမှု ရှိသလို အခြားရန်ကုန် ကုန်သည်တွေက ပေါက်ဈေးနဲ့ မုံရွာ ဒိုင်မှာ ပြန်ရောင်းချမှုလည်း ဒီရက်ပတ်အတွင်း မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ မုံရွာဒိုင် ထွက် ပဲစင်းငုံနီအများစု ဟာ ရန်ကုန်လက်မှာ စုပုံနေပြီး၊Export  အဆွဲနှေးလို့ ဝယ်ဈေးထက်သာတဲ့ရက်တွေမှာ ခုလို ပြန်ရောင်းချမှုတွေ ရှိတာလို့ သိရပါတယ်။ ရန်ကုန်တင်ပို့မှု အနေနဲ့ မြင်းမူရေလမ်းကြောင်းပွင့်ပေမယ့် ကုန်မပြည့်လို့ ကုန်း လမ်းကြောင်းနဲ့သာ တစ်ပတ်အတွင်း အိတ် ၇၀၀၀ ခန့် တင်ပို့ခဲ့ကြတယ်လို့ သယ်ယူပို့ဆောင်ရေးရပ်ကွက်က သိရပါ တယ်။ ဈေးကွက်ထဲမှာ လက်ကျန်လျော့လာတဲ့ စွန်တာနီနဲ့ ကသဲပဲတွေလည်း ဒေသတွင်းအဝယ် ရန်ကုန်ဝယ်လက် တွေ ကြောင့် စွန်တာနီတစ်တင်း ၁၈၅၀၀ ကျပ်၊ ကသဲတစ်တင်း ၁၉၃၀၀ ကျပ်ဈေးမှာ တန့်နေကာ နေ့စဉ် ပုံမှန် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်ပဲဈေးကွက်မှာတော့ ရန်ကုန်လက် ထက် ဒေသစက်သမားအဝယ် သာရှိလို့ ဈေး အေးခဲ့ကာတစ်တင်း ၁၆၀၀၀ ကျပ်ကနေ ၁၄၅၀၀ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဇူလိုင်ပထမ ပတ်အတွင်း မိုးရွာ သွန်းမှုမရှိလို့ မိုးသီးနှံတောင်သူတွေ မိုးမျှော်နေကြသလို မုံရွာ ကုန်စည်ဒိုင်က ကုန်သည်နဲ့ ပွဲစား တွေလည်း ပဲဈေးအေးလု့ိ အရောင်းအဝယ်လေးနေရာ Export   ဈေးကွက်ဈေးအတက် ကို စောင့်မျှော်လျှက် ရှိပါကြောင်း။ ထွန်းလှိုင် - မုံရွာ