Main menu

Background

ဈေးငြိမ်နေတဲ့ ပြည်ချင်းဈေးကွက်

Mon, 07/08/2013 - 12:18 -- ydnar

အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်မှ ချင်းများ၊ ချင်း(ဥမ)များဟာ ယခုတစ်ပတ် ပြည်ဈေးကွက်ကို ယခင်အပတ်အတိုင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ပိဿာချိန် ၂၅၀၀ ခန့်ကို ဈေးကွက် မှတစ်ဆင့်တင်ပို့ခဲ့ပါတယ်။ ပြည်ဈေးကွက်ပွဲရုံများမှာ တစ်ရက်ကို ပိဿာချိန် ၈၀၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ဈေးနှုန်းများမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၀၀၀ ကျပ်၊(ဂျွန်) ၉၀၀ ကျပ်၊ ချင်း(ဥမ) (ရှယ်) ၈၀၀ ကျပ်၊ (ဂျွန်) ၆၅၀ ကျပ်တို့ နဲ့ အသီးသီးရောင်းဝယ်လျက်ရှိပြီး၊ ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ် နေတာ တွေ့ရပါတယ်။                                ဝင်းဝင်းခိုင် - ပြည်