ယခုရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များ အဝယ် လိုက်မလာ၍ ဈေးငြိမ်နေပြီး ပဲစင်းငုံ နီမှာ အဝယ်မရှိ၍ ဈေးကျဆင်းနေ ကြောင်း သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့အထိ မိုးပဲမျိုးစုံ ဟက်တာ ၁၀ ဒသမ ၅ သိန်းစိုက်ပျိုး နိုင်ခဲ့ပါ တယ်။ ယခုနှစ် မိုးရာသီ ပထမ ၅ ပတ်မှာ မုတ်သုန်မိုးပျမ်းမျှထက် ၂၇ ရာခိုင်နှုန်း ပိုရွာသွန်းခဲ့ပြီး လက်ရှိ အခြေအနေမှာတော့အိန္ဒိယမြောက်ပိုင်း မှာ မုတ်သုန်အား ပြန်လျော့သွားခဲ့ တယ်လို့ သိရပါတယ်။
မွန်ဘိုင်း ဆိပ်ကမ်းသို့ ကွန်တိန်နာ များဖြင့် သြစတြေးလျပဲတီစိမ်း ၁၀ လုံး၊ ပဲရာဇာ ၁၀ လုံး၊ ကနေဒါပဲရာဇာ ၁၅၄ လုံး၊ ပဲလုံးစိမ်း ၆ လုံး၊ မြန်မာပဲစင်းငုံ ၁၆၈ လုံး၊ အမေရိကန် pinto bean ၃ လုံး၊ တန်ဇန်းနီးယား ပဲတီစိမ်း ၁၅ လုံး ဝင်ရောက်လာခဲ့ပါတယ်။ ချန်နိုင်း ဆိပ်ကမ်းသို့ မတ်ပဲကွန်တိန်နာ ၃၇၄ လုံး၊ ပဲရာဇာ ၁၅၅ လုံး၊ ပဲတီစိမ်း ၄၂ လုံး၊ပဲစင်းငုံ ၁၀ လုံး၊ပဲကြီး ၄ လုံး၊ ပဲဝါ လေး ၄ လုံး၊ ပဲလွန်း ၈ လုံး ဝင်ရောက် ခဲ့ပါတယ်။ နှင်းဧကရီ (DOTP)