Main menu

Background

အိန္ဒိယဝယ်လက်ကြောင့် အရောင်းသွက်လာတဲ့ ရှမ်းချင်းဈေးကွက်

Mon, 07/08/2013 - 12:18 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်းမှာချင်းအဓိကစိုက်ပျိုးတဲ့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ မြို့နယ်တွေ မှာလည်း ချင်း(ဥမ)တွေ ဖော်နေကြပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ ချင်းကို Export   အတွက်မဟုတ် ဘဲ၊ လှောင် လက်တွေကသာ ဝယ်ယူမှုရှိခဲ့ တာကြောင့် အရောင်းအဝယ်ကလည်း ခပ်သွက်သွက်တော့ အရောင်းအ ဝယ် ဖြစ်ပါတယ်။ဒီတစ်ပတ်မှာလည်း ပြည်တွင်းသုံးအပြင် စစ်တွေ၊ တမူးက ဝယ်လက် တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူမှုရှိလာတာကြောင့် ပိုပြီး အရောင်းအဝယ် သွက်လာပါတယ်။

ချင်းအဝယ်လိုက်နေပေမဲ့ မိုးများနေတာကြောင့် အဝင်ကတော့ နည်းနေပါတယ်။ စစ်တွေ၊ တမူး ဝယ်လက်တွေကလည်း အတော်များများ ပြန်ဝယ် လာတာကြောင့် တစ်ပတ်ကို ၁၀ ဘီးကားတွေနဲ့ ၁၄-၁၅ စီးခန့် တင်ပို့နေရတယ် လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ချင်း(ဥမ)က တစ်ပိဿာ ၃၀၀ ကျပ်-၄၀၀ ကျပ်၊ ချင်းတက်က ၄၀၀ ကျပ်-၅၀၀ ကျပ်ဈေးရှိပြီး ဇူလိုင်လ ၁ ရက်မှ ၅ ရက်နေ့အထိ ချင်းစို ပိဿာချိန် ၂၁၄၅၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ပိဿာချိန် ၂၄၈၀၀ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်း ပွဲရုံတွေက သိရှိရပါတယ်။                               ဧဧခိုင်- တောင်ကြီး