ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇွန်လနောက်ဆုံးသီတင်းပတ်အတွင်းမှာ မန်ကျည်း ၆၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ တန်၊ စင်ကာပူနိုင်ငံကို ၁၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ယခင်သီတင်းပတ်မန်ကျည်းတင်ပို့ခဲ့တဲ့ တန်ချိန် တန် ၁၀၀ ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း မန်ကျည်းတင်ပို့မှုက ၂၈၄ တန် ကျော်ရှိခဲ့ပြီး မေလအတွင်း မန်ကျည်းတင်ပို့မှုမှာ တန်ချိန် တစ်ထောင့်ငါးရာကျော် ရှိခဲ့တာကြောင့် ဇွန်လမှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ကာလတူကာလဖြစ် တဲ့ ၂၀၁၂ ခုနှစ် ဇွန်လမန်ကျည်းတင်ပို့မှုမှာ တန်ချိန် ခုနှစ်ရာကျော်ရှိခဲ့တာကြောင့် ယခုနှစ်ဇွန်လ မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ဇွန်လအတွင်း မန်ကျည်းတင်ပို့ မှုမှ ကန်ဒေါ်လာ တစ်သိန်းကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)