Main menu

Background

ဇွန်လအတွင်း နနွင်းတင်ပို့မှု ပို

Mon, 07/08/2013 - 12:45 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ နောက်ဆုံး သီတင်းပတ်အတွင်းမှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပါ တယ်။ ဇွန်လအတွင်း နနွင်းတင်ပို့ခဲ့တဲ့ နိုင်ငံတွေမှာ စင်ကာပူ နိုင်ငံ၊ ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယ၊ ယူကရိန်းနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ဖြစ်ပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း နနွင်း တင်ပို့ခဲ့တဲ့ တန်ချိန်က ၆၃၃ တန်ကျော်ခဲ့ပြီး မေလအတွင်း နနွင်းတင်ပို့တန်ချိန်မှာ လေးရာငါးဆယ်ကျော် ရှိခဲ့တာကြောင့် ဇွန်လမှာ နနွင်းတန် တစ်ရာ့ရှစ်ဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဇွန်လမှာ နနွင်း ၇၆ တန်ကျော်သာတင်ပို့နိုင်တာ ကြောင့် ယခုနှစ်မှာ နနွင်းတင်ပို့မှု ပိုခဲ့ပါတယ်။ ဇွန်လအတွင်း နနွင်းတင်ပို့မှုမှ ရရှိခဲ့ တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သုံးသိန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT(DOTP)