Main menu

Background

အရောင်းအေး အဝင်နည်းနေတဲ့ ရှမ်းနနွင်းဈေးကွက်

Mon, 07/08/2013 - 12:45 -- ydnar

 
ရှမ်းနနွင်းကတော့ ပြည်တွင်း လှောင်လက်တွေသာ အဝယ်ရှိနေပါတယ်။အရောင်းအဝယ်ကလည်း သိပ်မေ ကာင်း တော့ အဝင်ကလည်း နည်းပါတယ်။ အနီးပတ်ဝန်းကျင်ရွာ တွေကသာ တစ်ပတ်မှာ ပိဿာချိန် ၁၀၀၀ ခန့် အဝင်ရှိနေ တယ်လို့လည်း သိရပါတယ်။

ဒီနှစ်က နှစ်စပိုင်းလောက်မှာ သာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေကို တင်ပို့ဖို့ အတွက်ဝယ်ယူခဲ့ပေမဲ့နောက်ပိုင်းမှာတော့ ကြိုကြား၊ ကြိုကြား အနေနဲ့သာ ဝယ်ယူမှု ရှိခဲ့ပါတယ်။ဟိုပုံးနနွင်းလည်း ခပ်ကျဲကျဲ လောက်သာ Export ဖြစ်ခဲ့ပါတယ်။ ပုံမှန်ကတော့ ပြည်တွင်း သုံးအတွက်သာ ဝယ်ယူနေကြတယ်လို့ ဈေးကွက်က သိရပါ တယ်။ ပြည်တွင်းသုံးအတွက် လည်း နှစ်ပတ်တစ် ခါလောက် သာ ပိဿာချိန် ၃၀၀-၄၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်နေ တာကြောင့် နနွင်းစိုက်တောင်သူတွေလည်း နနွင်းအစား အခြားရာသီပေါ်သီးနှံတွေကိုသာ ပြောင်းပြီးအရောင်းအဝယ် ပြုလုပ် နေကြရပါတယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးတွေက ပင်လောင်းနနွင်းက တစ်ပိဿာ ၄၀၀ ကျပ်-၅၀၀ ကျပ်၊ အောင်ပန်း နနွင်းကတော့ ကောင်းရင်ကောင်းသလို ဈေးရှိပြီး တစ်ပိဿာ ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးနဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါ တယ်။                ဧဧခိုင်- တောင်ကြီး