Main menu

Background

ဒေါ်လာဈေးအပြောင်းအလဲကြောင့် စိန်ဈေးတက်ပြီး အရောင်းအဝယ်အေး

Mon, 07/08/2013 - 13:04 -- ydnar

ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် ပြည်တွင်းစိန်ဈေးနှုန်းမှာ ဈေးမြင့်တက်ပြီး အရောင်းအဝယ် အေး လာပါတယ်။ ဒေါ်လာဈေးအပြောင်း အလဲမှာ ပထမတန်းစားစိန် တစ်ရတီကို ကျပ်တစ်သိန်းဝန်းကျင်တက်ပြီး၊ ဒုတိယ တန်းစားစိန်မှာတစ်ရတီကိုကျပ်နှစ်သောင်း နဲ့သုံးသောင်းကြားဈေးမြင့်တက်ခဲ့ကြောင်း၊ ကျင်ဖြူအမျိုးအစားမှာ ပစ္စည်းလည်း ရှားကြောင်း သိရပါတယ်။

Mandalay  Gem  Centers မှ ကျောက်မျက်အရောင်းဆိုင်လုပ်ငန်းရှင် တစ်ဦးက " တစ်ချို့ဆိုင်လည်း ပုံမှန် အရောင်းအဝယ်ရှိပြီး၊ တစ်ချို့ဆိုင် လည်းအရောင်းပါးတယ်။ရွှေဈေးက လည်းကျတော့ဈေးကွက်ကအေးနေတာ။ ဝါဝင်တော့မှာလည်းဖြစ်တဲ့ အတွက် အရောင်းပါးနေတာ။ ဒီနှစ်က ဝန်ထမ်း တွေပါဝယ်ယူမှုရှိလာတယ်။ အရင်တုန်း ကစိန်ဆိုရင်လူတန်းစားတစ်ရပ်လောက် ဘဲဝယ်ယူကြတာ။ခုကျတော့ ဝန်ထမ်း တွေလည်းလစာတိုးတဲ့အတွက်ဝန်ထမ်း အတော်တော်များများ ဝယ်ယူမှုရှိလာ တယ် " လို့ ပြောပါတယ်။ စိန်ဈေးနှုန်းမှာ ကျင်ဖြူတစ်ရတီကို ၃ သိန်းဝန်းကျင်၊ ဒုတိယတန်းစား ၂ သိန်းဝန်းကျင်၊ တတိယတန်းစား ၁ သိန်းဝန်းကျင်ရှိပြီး၊ ဒေါ်လာဈေးမှာ ၉၅၀ ကျပ်မှ ၁၀၀၈ ကျပ်ကို ရောက်ရှိ သွားခြင်းကြောင့် ဈေးနှုန်းအပြောင်း အလဲ ရှိလာကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး