Main menu

Background

ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့်မန္တလေးမှာနိုင်ငံခြားငွေဖြင့် အလုပ်လုပ်သူများအဆင်ပြေ

Mon, 07/08/2013 - 13:05 -- ydnar

ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် နိုင်ငံခြားငွေနဲ့ အလုပ်လုပ် သူများမှ အဆင်ပြေမှုရှိလာကြောင်း၊ အိန္ဒိယကောင်စစ်ဝန်ရုံးမှာ တာဝန်ထမ်း ဆောင်နေသူတစ်ဦးက ပြောပါတယ်။ " ဒေါ်လာဈေးမြင့်တက်လာတာ ၃ လလောက်တော့ကြာပြီ။ ကျွန်တော် တို့ အတွက်အဆင်ပြေတာပေါ့ ။ဒေါ်လာတစ်ရာရတဲ့သူကကျပ်တစ်သောင်းခွဲ လောက်ပိုရလာပြီး၊ဒေါ်လာနှစ်ရာ ရတဲ့ သူက ကျပ်သုံးသောင်းလောက် ပိုပြီးရလာတယ်။ ငွေပိုငွေလျှံပိုရလာ တာပေါ့။

၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တုန်းကတော့ တစ်ဒေါ်လာကို ၇၅၀ ကျပ်နဲ့ ငြိမ်နေတာ။ ၂၀၁၃ ခု၊ ဧပြီလပိုင်းအထိက တစ်ဒေါ်လာကို ၈၅၀ ကျပ်နဲ့ ရပ်နေရာက မေလကစပြီး ၉၀၀ ကျပ်နဲ့အထက်ဖြစ်လာခဲ့တယ်။ ဇွန်လဆန်းပိုင်းမှာ ၉၅၀ ကျပ်ရှိခဲ့ပြီး ဇွန်လကုန်ပိုင်းမှာ ၉၉၈ ကျပ်နဲ့ အမြင့် ဆုံးဈေးကို ရခဲ့ပါတယ်။ ကျွန်တော်တို့ အတွက်က ၉၀၀ နဲ့အထက်ရရင် အဆင်ပြေပါတယ် " လို့ ပြောပါတယ်။ ဒေါ်လာနဲ့ မြန်မာငွေလဲဈေးမှာ ယခုနှစ်ဇွန်လ ၂၈ ရက်နေ့က အစိုးရ ဘဏ်များမှာ ၉၈၀ ကျပ်ထိ အမြင့်ဆုံး ဈေးထိရောက်ခဲ့ပြီး၊ ပြင်ပမှာ ၁၀၀၇ ကျပ်ဝန်းကျင်ဈေးထိရောက်ခဲ့ပြီး၊ ငွေ ဈေးအပြောင်းအလဲကြောင့် ကုန်ပစ္စည်း အချို့လည်းဈေးမြင့်တက်မှုရှိလာပါတယ်။ မန္တလေးမြို့ရှိ ကုန်သည်ကြီး တစ်ဦးက '' နေ့စဉ်စားသုံးနေတဲ့ ကုန်ပစ္စည်းအချို့ ဈေးတက်တယ်။လျှပ်စစ်ပစ္စည်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေလည်း ဈေးတက်လာတယ်။ ကျွန်တော်တို့နိုင်ငံက ကုန်ကြမ်းပစ္စည်း ဘဲရှိပြီး၊ ပြည်တွင်းမှာ ကုန်ချောထုတ် တာနည်းသေးတဲ့အတွက် ပြည်ပက ဝယ်သုံးရလို့ ပြည်ပကဝယ်သုံးရတဲ့ ကုန်အတော် များများက ဒေါ်လာဈေး အတက်နဲ့အတူ ဈေးလိုက်တက်လာ တယ်။ ပြည်ပကဝင်တဲ့ ကုန်တွေက ဒေါ်လာဈေးပေါ်အများကြီးမူတည် ပါတယ် " လို့ပြောပါတယ်။ ကုန်သွယ်မှုပမာဏမှာ ပို့ကုန် တင်ပို့ ခြင်းဟာ မိမိတို့နိုင်ငံရဲ့ ဝင်ငွေဖြစ် သော်လည်း ယခုနှစ်မှာ ပို့ကုန်တင်ပို့ မှုနည်းနေပြီး၊ သွင်းကုန်တင်သွင်းမှုသာ များနေကြောင်းသိရပါတယ်။ဇူးဇူး - မန္တလေး