Main menu

Background

မြန်မာ့ရွှေဈေးအဖွင့် ဈေးမြင့်လာသော်လည်း ပြန်လည်ကျရိပ်ပြလာ

Mon, 07/08/2013 - 13:09 -- ydnar

မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း အဖွင့်ဈေးမြင့်၍ ဖွင့်လှစ် ခဲ့သော်လည်း ပြန်လည်၍ ကျရိပ်ပြလာ ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က ဈေးအကျဖြင့် ပိတ်ခဲ့သည့်မြန်မာ့ရွှေ ဈေးသည် ယခုတစ်ပတ်တွင် ဈေးမြှင့်၍ ဖွင့်လှစ်ခဲ့သည်။ ဆက်တိုက်ဈေးကျလာ မှုကြောင့် ရွှေဝယ်စုသူများ များပြားလာ မှုကြောင့် နယ်စပ်မှရွှေများ ဝင်ရောက် လာခဲ့ကာ ရွှေဈေးဆက်တိုက်ကျဆင်းခဲ့ ရခြင်းဖြစ်ကြောင်း၊ သို့သော် ယခုတစ် ပတ်တွင်မူ ဒေါ်လာဈေး ပြန်လည်မြင့် တက်လာမှုနှင့်အတူ မြန်မာ့ရွှေဈေး သည် ကျရိပ်ပြန်ပြလာခဲ့ကြောင်း သိရ သည်။"ပြီးခဲ့တဲ့အပတ်တုန်းက ရွှေဈေး က ကျပ် ၆၇၅၀၀၀ နဲ့ဈေးပိတ်ခဲ့တာ။ ဈေးပြန်ဖွင့်တော့ ကျပ် ၆၈၂၀၀၀ နဲ့ဖွင့် တယ်။ နောက်နေ့မှာတက်တယ်ဆိုရုံ လေးပဲတက်တာ။ ကျတုန်းက သောင်းနဲ့ ချီပြီးကျတာ၊ ပြန်တက်တော့ ရာဂဏန်း လောက်ပဲပြန်တက်တာ။ ဒါပေမယ့်သိပ် မကြာပါဘူး၊ ပြန်ကျသွားပြန်ရော၊ နောက်ရက်တွေ ကို စောင့်ကြည့်ရဦး မယ်။ နယ်စပ်က ရွှေတွေ ဝင်တာများ လာရင် ဈေးကျသွားဦးမှာ။ ဒေါ်လာက ပြန်ပြီးခိုင်မာလာပြီ ဆိုတော့ လူတွေက ဒေါ်လာဖက်ကို လှည့်သွားကြတယ်။ ဒီ တော့ ရွှေကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ယုံ ကြည်မှုမရှိတော့ သလိုမျိုးဖြစ်သွားတော့ ရွှေအရောင်းအဝယ်ကလည်း တန့်သွား တာပေ့ါ။ လုံးလည်ချာလည်လိုက်နေ တယ်လို့ ပြော ရမယ် " ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် ဇူလိုင်လ ၁ ရက်နေ့တွင် ကျပ် ၆၈၂၀၀၀ ရှိခဲ့ကာ ဇူလိုင်လ ၄ရက်နေ့တွင် ကျပ် ၆၈၄၀၀၀ သို့ပြန်လည်မြင့်တက်လာခဲ့သည်။ သို့ သော် ဇူလိုင်လ ၅ရက်နေ့တွင် ကျပ် ၆၈၂၅၀၀ သို့ ပြန်လည်ကျဆင်းလာ ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဇူလိုင် လ ၁ရက်နေ့တွင် ၁၂၄၁ဒေါ်လာရှိခဲ့ ရာမှ ဇူလိုင်လ ၄ရက်နေ့တွင် ၁၂၅၅ ဒေါ်လာသို့မြင့်တက်ခဲ့သော်လည်း ဇူ လိုင်လ ၅ရက်နေ့တွင် ၁၂၄၄ဒေါ်လာ သို့ ပြန်လည်ကျဆင်းလာခဲ့သည်။မယ်သီတာ