Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(8-7-13)

Mon, 07/08/2013 - 13:26 -- ydnar

ဘိလပ်မြေအဝင်လျော့
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၂၂ ရက်မှ ၃၀ ရက်အတွင်း ဘိလပ်မြေ ၁၃၄၆၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်နှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ TPI   တံဆိပ်ဘိလပ်မြေနဲ့ဆင်တံဆိပ် ဘိလပ်မြေများ အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတန်ချိန် နှစ်သောင်းကျော်အဝင်ရှိတာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ခြောက်ထောင့် ကိုးရာကျော်အဝင်ေ လျာ့ခဲ့တယ်လို့သိရပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း ဘိလပ်မြေစုစုပေါင်း တန်ချိန် ငါးသောင်းကိုးထောင်ကျော်တင်သွင်းခဲ့ပြီး မေလအတွင်း ဘိလပ်မြေတင်သွင်း တန်ချိန်မှာခြောက်သောင်း သုံးထောင်ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ တန်ချိန် သုံး ထောင့်ခြောက်ရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။   MIRT (DOT)
ယခင်သီတင်းပတ်ကလို ဈေးပြောင်းလဲမှုမရှိဘဲ ငြိမ်နေဆဲဘိလပ်မြေ
ဇွန်လ ၂၃ ရက်မှ ဇွန်လ ၂၉ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတန်ချိန် တစ်သောင်း သုံးထောင်ကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာတော့ ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင် တန်ချိန် ခြောက်ထောင် ကိုးရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခင်တစ်ပတ်မှာ တန်ချိန်ငါးထောင်ငါးရာကျော်ရှိခဲ့ပြီး ယခုတစ်ပတ်အဝင်မှာ တန်ချိန် ခြောက်ထောင့်ခုနှစ် ရာရှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ထောင်နှစ်ရာကျော်အဝင် ပိုခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှဘိလပ်မြေအဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် အေးတယ်လို့ သိရပါတယ်။ မိုးရာသီရောက်လာတာကြောင့် အရောင်းအဝယ် ကပါးလာတယ်။ အရောင်းအဝယ်ပါးသလို ဈေးကလည်းကျလာ တယ်လို့ ဆိုပါ တယ်။ ဆင်တံဆိပ်ဘိလပ်မြေက ဈေးကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ ဆိုပါတယ်။  မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့သိရပါတယ်။ အရောင်းအဝယ်အေးတာက မရှိသလောက်ကို အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်းဈေး ကအတက်အကျငါး ဆယ်ဝန်းကျင်မှာဘဲ ရှိနေတယ်လို့ သိရပါတယ်။ မြင်းခေါင်းဘိလပ်မြေ က ဈေးငြိမ်ပြီး ဈေးအတက်အကျက ဆင်ဘိလပ်မြေနဲ့ ကြံ့(မြိုင်ကလေး)မှာဘဲရှိတယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း)ဘိလပ် မြေ ၅၁၅၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၄၃၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဈေးက ဒီတစ်ပတ်မှာ ငြိမ်နေတယ်လို့ဆိုပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးမှာ အေသုံးလုံး ၅၇၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၄၉၀၀ ကျပ်၊ကျားခေါင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်၊ဆင်(ထိုင်း) ၆၉၀၀ ကျပ်၊ စိန်(ထိုင်း)၆၉၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရားကြီးနားပွဲရုံတန်း ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ မိုးကျတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း လုပ်ငန်းမတွင် ကျယ်ဘဲဖြစ်နေတယ်။ ဒါကြောင့်ဈေးက လည်း အကျဈေးနဲ့ဘဲ ရှိနေတယ်လို့သိရပါ တယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၉၀၀ ကျပ်၊ စိန်(ထိုင်း) ၅၇၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ဘိလပ်မြေကအရောင်းအဝယ်အေးတယ်လို့သိရ ပါတယ်။ ဒါကြောင့်ဈေးကွက်ထဲ ဘိလပ်မြေဈေးက သိပ်အပြောင်းအလဲမရှိဘူး။အရင်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်နေတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေး မှာ ဆင်(ထိုင်း)၆၅၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၅၄၀၀ ကျပ်ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။MIRT (DOT)