ဓာတ်မြေသြဇာဈေးနှုန်းများ (8-7-13)
ဒီသီတင်းပတ်မြေသြဇာအဝင်ပို
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လနောက်ဆုံးသီတင်း ပတ်အတွင်း ကန်ဒေါ်လာ လေးဆယ့်ငါးသိန်းကျော်တန်ဖိုးရှိ မြေသြဇာတန်ချိန် ၁၁၅၄၀ ကိုတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ငါးရာ၊ အင်ဒိုနီးရှားနိုင်ငံမှ ယူရီးယားမြေသြဇာ တန်ချိန် ၁၁၀၀၀နဲ့ ကိုရီးယားနိုင်ငံ မှကွန်ပေါင်းမြေသြဇာ တန်ချိန် ၄၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မြေသြဇာအဝင်မှာ တန်ချိန် ရှစ်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်းလေးထောင်ရှိခဲ့ပြီး မေလအတွင်း မြေသြဇာအဝင်မှာ တန်ချိန် တစ် သောင်းခုနှစ်ထောင်ကျော်ရှိခဲ့ တာကြောင့် ဇွန်လမှာ တန်ချိန် သုံးထောင့်နှစ်ရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ပြောင်းလဲမှုမရှိဘဲ ဈေးကွက်ငြိမ်နေတဲ့ ဓာတ်မြေသြဇာ
ပြည်တွင်းကို ဇွန်လ ၂၃ ရက်မှ ဇွန်လ ၂၉ ရက်အတွင်း ရေလမ်းမှ မြေသြဇာတန်ချိန် တစ်သောင်းတစ်ထော င်ကျော်ဝင်ခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ်ထက် ဒီတစ်ပတ်မှာ မြေသြဇာတန်ချိန် တစ်သောင်းကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ မြေသြဇာယခင်တစ်ပတ်အ ဝင်က တန်ချိန်တစ်သောင်းခုနှစ်ေ ထာင်ကျော်ရှိခဲ့ပြီးဒီတစ်ပတ်မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်း ခြောက်ထောင်ကျော်ရှိတာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် ခြောက်ရာ ခြောက်ဆယ့်နှစ်တန်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာ နယ်စပ်လမ်း ကမြေသြဇာအဝင်လျော့ခဲ့ပေမဲ့ ရေလမ်းမှ မြေသြဇာအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မကွေး၊ ရန်ကုန်မှာ ဈေးငြိမ် နေပေမဲ့ မန္တလေးမှာ ဈေးနည်းနည်းမြင့် လာတယ်လို့ သိရပါတယ်။ တောင်ကြီး ဘက်မှာတော့ တချို့မြေသြဇာဈေးငြိမ်နေသလို တချို့လည်း ဈေးကျလာ တယ် လို့ သိရပါတယ်။ မိုးများလာတာကြောင့် ဒီတစ်ပတ်မှာမြေသြဇာ အရောင်း အဝယ်အေးလာတယ်လို့ို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ် ထိုင်းလာ တယ်လို့သိရပါတယ်။ အရောင်းအေးလာသလို မြေသြဇာဈေးက ဒီတစ်ပတ်မှာ ဈေးအတက်အကျမရှိဘဲ ယခင်တစ်ပတ်ဈေးနဲ့ဘဲ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး ၊ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၅၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၁၅၀၀ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ၄၆%(သံကွင်း-တရုတ်) ၂၁၅၀၀ကျပ် ၊တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ ယခင်က အရောင်းအဝယ်ကောင်းပေမဲ့ ယခုမိုးကျ လာပြီဖြစ်လို့ ပုံမှန်ရောင်းအားဘဲရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ပုံမှန်ရှိပေမဲ့ မြေသြဇာဈေးများမှာ ယူရီးယား-ပုလဲနဲ့ တီစူပါ၁၀း၁၀း၅ ဈေးငြိမ်နေပေမဲ့ တီစူပါ ၁၅း၁၅း၁၅၊ ဓါတ်ဆားနဲ့ ပိုတက်မြေသြဇာဈေးများကငါးရာကျပ် ဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရင်တစ်ပတ်က အရောင်း သွက်ပေမဲ့ ဒီတစ်ပတ်မှာ အရောင်းပုံမှန်ဘဲရှိတယ်လို့ သိရပါတယ်။ အရောင်းပုံမှန် ရှိပေမဲ့ မြေသြဇာဈေးက အပြောင်းအလဲမရှိဘဲငြိမ်နေ တယ်လို့ သိရပါတယ်။တစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၅၁၅၀ ကျပ်၊ မြှားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၅၂၀၀ ကျပ်၊ ဆင် (၁၀း၁၀း၅) ၁၅၀၀၀ ကျပ်၊ အာမို (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ အာမို (၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၃၆၀၀ ကျပ်၊ ယူရီး ယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်) ၂၀၅၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၁၀၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၃၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်၊ တောင်သူမ ၁၅၇၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။မန္တလေးဈေးကွက်မှာမြေသြဇာ က ဒီတစ်ပတ်မှာ အရောင်း ပုံမှန်ရှိ တယ်လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ဒီတစ်ပတ်မှာ ယူရီးယား(ရွှေတောင်) ၇၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး) ၄၀၀ ကျပ်၊ တီစူပါ ၄၆% ၂၀၀ ကျပ်၊ တီစူပါ ၁၆% နဲ့ ၁၂% က ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၈၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၇၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၉၈၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၄၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၇၇၀၀ ကျပ်၊ ကွန်ပေါင်း (၁၀း၁၀း၅) ၁၃၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။MIRT (DOT)
