Main menu

Background

ဇွန်လအတွင်း နှမ်း တင်ပို့မှုလျော့

Mon, 07/08/2013 - 13:39 -- ydnar

ဇွန်လ ပထမပတ်အတွင်း နှမ်းတန်ချိန် ၁၇၀ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ပထမ ပတ်မှာတော့ ကိုရီးယားနိုင်ငံကို ၈၇ တန်၊ ဂျပန်နိုင်ငံကို ၅၄ တန်၊ တရုတ်နိုင်ငံကို ၂၈ တန်နဲ့ စင်ကာပူနိုင်ငံကို ၁ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ဒုတိယပတ်မှာ ကိုရီးယား နိုင်ငံကို ၃၂၆ ဒသမ ၂၉ တန်နဲ့ ဂျပန်နိုင်ငံကို ၇၂ တန်တင်ပို့နိုင်ခဲ့သလို တတိယပတ်မှာတော့ ကိုရီးယား နိုင်ငံကို ၂၂၄ တန်၊ စင်ကာပူနိုင်ငံကို ၇၂ တန်၊ ထိုင်းနိုင်ငံကို ၅၁ တန်၊ ဂျပန်နိုင်ငံကို ၃၆ တန်နဲ့ တရုတ်နိုင်ငံကို ၃၅ ဒသမ ၉၉ တန်နဲ့ ဇွန်လနောက်ဆုံးပတ်မှာ ကိုရီးယားနိုင်ငံကို ၄၂၇ ဒသမ ၅ တန်၊ ဂျပန်နိုင်ငံကို ၁၂ ဒသမ ၉၃ တန်၊ တရုတ် နိုင်ငံကို ၇ တန်နဲ့ စင်ကာပူနိုင်ငံကို ၅၄ တန် အသီးသီးတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဒိလိုတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန် ဒေါ်လာ ၃ ဒသမ ၁ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလအတွင်း နှမ်း တင်ပို့မှု တန်ချိန်မှာ သုံးထောင့်လေးရာနှစ်ဆယ် တန်ကျော် ရှိခဲ့ပြီး ဇွန်လအတွင်း တင်ပို့မှုက တန်ချိန် တစ်ထောင့်လေးရာ ရှစ်ဆယ့်ကိုးတန်သာ တင်ပို့နိုင်တာကြောင့် ဇွန်လမှာ နနွင်း တင်ပို့မှု လျော့ခဲ့တယ်လို့ ဆိုရပါမယ်။MIRT(DOTP)