Main menu

Background

မြဝတီကပို့တဲ့ နှမ်းညို

Mon, 07/08/2013 - 13:40 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၉သန်း တန်ဖိုးရှိတဲ့ နှမ်းညို ၃၇ တန်ကျော်ကို ဇွန်လနောက်ဆုံးပတ်မှာ တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၆၄၆ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၃၂၃၆ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ရာ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့ နှမ်းဖြူ ၂၀၈၃ တန် ခန့်၊ နှမ်းနက် ၅၇၀ တန်ကျော်နဲ့ နှမ်းညို ၅၈၂ တန်ခွဲတို့ဖြစ်ပါတယ်။

ယခင် အပတ်က မူဆယ်မှ နှမ်းဖြူ ၉၁၉ တန်ကျော်၊ နှမ်းနက် ၂၉၈ တန်နီးပါးနဲ့ နှမ်းညိုတန် ၂၄၀ တန်ချိန်အားဖြင့်၁၄၅၇ တန်ကျော်သာ တင်ပို့ခဲ့တာမို့  မူဆယ်စခန်းအနေနဲ့ ယခုအပတ်မှာ ၁၇၇၉ တန်ခန့်ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လ အတွင်းမူဆယ် ၁၀၅ မိုင်မှတင်ပို့ခဲ့တဲ့ နှမ်းတန်ချိန်ပေါင်း ၇၄၃၃ တန်နီးပါးရှိခဲ့ပြီး ၂၀၁၃ မေလမှာ တန်ချိန် ၁၈၇၆ တန်သာ တင်ပို့နိုင်ခဲ့လို့ မေလထက်လည်း ၅၅၅၇ တန် ပိုမိုခဲ့ပါတယ်။ နှမ်းတင်ပို့မှုတွေပိုမို လာသလို နှမ်းဈေးများလည်း တစ်ရိပ်ရိပ်မြင့် တက်လာတာကိုတွေ့ရပါ တယ်။ နှစ်ဘက်မြေပြင် နှမ်းဈေးတွေကိုကြည့် လျှင် ယခင်အပတ်ထက် ပိုမိုမြင့်တက်လာပါတယ်-
 
မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု            ယခင်      ပြောင်းလဲမှု    %    ယခု      ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၉၈၉၁၂၇    ၁၆၁၇၉၈၄       ၃၇၁၁၄၃      ၁၉    ၂၀၅၂    ၁၆၃၉           ၄၁၃        ၂၀နှမ်းနက်    ၂၀၆၈၄၉၂    ၁၇၇၉၂၇၄    ၂၈၉၂၁၈      ၁၄    ၂၁၃၄    ၁၈၀၂             ၃၃၂       ၁၆မော်မော်အောင်၊ MIRT (DCCA)