Main menu

Background

မလေးရှားလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စားအုန်းဆီထုတ်လုပ်ရန်စီစဉ်

Mon, 07/08/2013 - 13:40 -- ydnar

မလေးရှားနိုင်ငံမှ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် စားအုန်း ဆီ စက်ရုံများတည်ဆောက်၍ ရင်းနှီး မြှုပ်နှံရန် စီမံကိန်းများ ရေးဆွဲစီမံ လျက်ရှိတယ်လို့ မလေးရှား  Plant-ation Industry & Commodities ဝန်ကြီးဌာန ဝန်ကြီး Dato Seri Douglas  က ပြောကြားခဲ့ပါတယ်။ မြန်မာကုမ္ပဏီများနဲ့ မလေးရှား ကုမ္ပဏီများပူးပေါင်း ဆောင်ရွက်သွား ကြမှာ ဖြစ်ပြီး နည်းပညာရပ်များကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။

မလေးရှား အစိုးရအနေနဲ့ ၎င်း တို့ရဲ့ ဈေးကွက် ကို မြန်မာနိုင်ငံဈေးကွက် အတွင်းတိုးချဲ့ သွားရန်စီမံနေတယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ စားအုန်းဆီနှင့်ဆက် စပ်ထုတ်ကုန်များ တန်ချိန် ၃၄၅၀၀၀ တင်သွင်းခဲ့ရပါ တယ်။ မြန်မာ ဈေး ကွက်မှ မလေးရှား စားအုန်းဆီများကို အများအပြားမှာယူလျက်ရှိတဲ့အတွက် ယခုကဲ့သို့ မြန် မာနိုင်ငံမှာ စားအုန်းဆီ စက်ရုံများ တည်ဆောက်ရန် စိတ်ဝင် စားနေကြတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအား ပြည်ပမှ စားအုန်းဆီ တင်သွင်းခွင့်ပြု ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည် တွင်းစားအုန်းဆီဈေးများ တည်ငြိမ် လာတယ်လို့ Douglas  ကပြောပါ တယ်။ ဒေါ်လာဈေး တက်နေတဲ့ အတွက် သွင်းကုန်ဈေးများ အတက် အကျဖြစ်နေခြင်း၊ စားသုံးကုန်များ၊ လူသုံးကုန်များ ဈေးမြင့်နေသော် လည်းစားအုန်းဆီဈေးများ သိသာစွာ အပြောင်းအလဲမရှိဘဲ တည်ငြိမ် လျက် ရှိနေပါတယ်။           CMK