Main menu

Background

မလေးရှား စားအုန်းဆီလက်ကျန် ခြောက်လမြောက် ကျဆင်း

Mon, 07/08/2013 - 13:44 -- ydnar

 
စားအုန်းဆီထုတ်လုပ်ရာမှာ အင်ဒိုနီးရှားပြီးရင် ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ မလေးရှားနိုင်ငံမှာ စားအုန်းဆီလက် ကျန်တွေက ဇွန်လမှာ ခြောက်လမြောက် ကျဆင်းခဲ့ပြီး ယခုနှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျရောက်ခဲ့ ကြောင်း၊ ဘလွမ်း ဘတ်သတင်းဌာနက စိုက်ပျိုးသူနဲ့ လေ့လာဆန်းစစ်သူတွေကို စစ်တမ်းကောက်ယူ ထားချက်အရသိ ရကြောင်း၊ ဂျာကာတာဂလုပ်သတင်းမှာ ဖော်ပြထားပါတယ်။ ကြို ရောင်းဈေးတွေမြင့်တက်ပါတယ်။ ယခင်တစ်လကနဲ့ နှိုင်းယှဉ်ရင် လက်ကျန်သိုလှောင်မှုက ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး၊ မက်ထရစ်တန် ၁ ဒသမ ၇၅ သန်းရှိခဲ့ရာ ၂၀၁၂ ခုနှစ်၊ ဇွန်လနောက်ပိုင်း အနည်းဆုံးဖြစ်ကြောင်း၊ စိုက်ပျိုးရေး ကုမ္ပဏီကြီးနှစ်ခုနဲ့ လေ့လာဆန်း စစ်ဆေးရေးမှူး လေးဦးတို့အား ကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။

ထုတ်လုပ်မှုက ၆ ဒသမ ၂ရာခိုင်နှုန်းတိုးပြီးတန် ၁ ဒသမ ၄၇ သန်းနဲ့ တင်ပို့မှုက ၄ ဒသမ ၁ ရာခိုင် နှုန်းတိုးပြီး ၁ ဒသမ ၄၇ သန်းရှိ တယ်လို့ စစ်တမ်းမှာဖော်ပြပါတယ်။ ဒုတိယ နှစ်ဝက်မှာ ကုန်ထုတ်လုပ်မှုမြင့်မားလာမှာဖြစ်တဲ့အတွက် မလေးရှားရဲ့ လက်ကျန်မြင့် တက်လာနိုင်တယ်လို့ ရာဘိုဘဏ်အင်တာနေရှင်နယ်က ခန့်မှန်းပါတယ်။ ''သိုလှောင်ရုံလက်ကျန်တွေကျလာရင် ဝယ်လိုအားကလည်း ပိုတက်လာမှာ ဆိုတော့ ဈေးနှုန်းတက်ဖို့ အထောက်အကူဖြစ်မှာ သေချာပါတယ်။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယရဲ့ သိုလှောင်လက်ကျန်အခြေအနေကိုလည်း ကျွန်တော်တို့ကြည့်ဖို့ လိုပါတယ် " လို့ စင်ကာပူရှိ DBS  Vickers  Securities  Pte   ကုမ္ပဏီက စိစစ် ရေးမှူး ဘင်ဆန်တိုဆို က ပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့သိုလှောင်လက်ကျန်က ယခင်နှစ်က တန် ၁ ဒသမ ၆၉ သန်း ရှိခဲ့ရာမှ ယခုနှစ်မှာ ၁ ဒသမ ၉၈ သန်းရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ လက်ကျန်က မေလမှာစံချိန်တင် မြင့်တက်ပြီး၊ တန် ၁ ဒသမ ၆ သန်းရှိရာမှ ဇွန် ၂၈ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်မှာ တန် ၁ ဒသမ ၂၈ သန်းရှိခဲ့ပါတယ်။ ဘာဆာမလေးရှား ငွေကြေး စာချုပ်စာတမ်းအဝယ်ဒိုင်မှာ စက်တင်ဘာလ အတွက် စားအုန်းဆီကြိုရောင်းဈေးက သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၂၃၈၄ ရင်းဂစ် (၇၄၈ ဒေါ်လာ)နှုန်းနဲ့ ကွာလာလမ်ပူမှာ တစ်တန်ကို ၂၃၈၁ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ဇူလိုင်မှာ ကျရောက်မဲ့ ဥပုသ်လမတိုင်မီ ဝယ်လိုအား ကြောင့် ဇွန်၂၀ ရက်က တစ်တန်ကို ၂၄၉၁ ရင်းဂစ်ထိရောက်ရှိကာမတ် ၂၅ ရက် နောက်ပိုင်းအမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်ကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ စားအုန်းဆီဈေးက ယခုနှစ်ကုန်မှာ တစ်တန်ကို ရင်းဂစ် ၂၂၀၀ ထိ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။     UNT