မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာ ကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလျော့သွားကြောင်း သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၃၄၂ ကျပ်(တစ်တန် ကို ၈၂၁၈၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပဲစင်းငုံနီကိုလည်း ရန်ကုန်ဝယ်လက်က ဈေးချ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၂၀ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံနွေရေသွင်းနှမ်းတွေ ဈေးကွက်ထဲဝင်ရောက်လာသလို ရန်ကုန်- မန္တလေးဝယ်လက်နဲ့ မြို့ခံဆီစက်တွေ ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ နှမ်းနီ တစ်ပိဿာ ၂၅၈၀ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၈၄၅ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၂၄၅ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၀၀ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background