Main menu

Background

ရေစကြိုဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပြောင်းအရောင်းအဝယ်ပုံမှန်ဖြစ်

Mon, 07/08/2013 - 14:08 -- ydnar

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို မန္တလေးဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၆၃ ကျပ် (တစ် တန်ကို ၇၇၃၄၄၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းသီးနှံအနေနဲ့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ကို ၅၀၅ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်ပုံမှန်အဝယ်ရှိခဲ့သ လို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။