Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲနဲ့ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်ဈေးချအဝယ်ရှိနေ

Mon, 07/08/2013 - 14:08 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို အိန္ဒိယအတွက်ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၆၀ ကျပ်(တစ်တန်ကို ၄၆၅၄၁၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၃၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကိုလည်း ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၉၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။