Main menu

Background

မြိတ်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဒေါ်လာ၂ သိန်းကျော်ဖိုးရှိ ရေထွက်ကုန်များ တစ်ပတ်အတွင်း တင်ပို့

Mon, 07/08/2013 - 14:36 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကူးသန်း ရောင်းဝယ်ရေးစခန်းက ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်မှဇူလိုင်လ ၂ ရက်နေ့ အတွင်း ရေထွက်ကုန် ကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ ငါးမျိုးစုံ ၁၃၄၇ တန်ကျော်၊ ရေငန်ပုဇွန် ၅၂ တန်ကျော်၊ ကင်းမွန် ၂ တန်ကျော်၊ ကဏန်း ၂၅ တန်နီးပါး၊ ငါးမှုန့်၆၇ တန်နီးပါး၊ ကင်း မွန်ပြုတ်ခြောက် ၂ တန်ကျော်၊ ပုဇွန် ခြောက် ၃ တန်၊ ကဏန်းပျော့ ၁၇ တန် နီးပါး၊ ငါးခြောက် ၁၅ တန်နီးပါးနဲ့ သဲကဏန်း အနည်းငယ် တင်ပို့နိုင်ခဲ့ ပါ တယ်။

ယခင်အပတ်က တင်ပို့နိုင်ခြင်း မရှိခဲ့တဲ့ ကင်းမွန်ပြုတ်ခြောက်၊ ပုဇွန် ခြောက်၊ ကဏန်းပျော့၊ ငါးခြောက်တို့ တင်ပို့နိုင်ခဲ့သော်လည်း ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက ၃၉၈ တန်နီးပါး လျော့ နည်း တင်ပို့ခဲ့ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါး ဖမ်းလှေများကို ၇၅ ရာခိုင်နှုန်း ငါးဖမ်း ခွင့်ပြုထားသော်လည်း ပင်လယ်ပြင်တွင် လေတိုက်နှုန်း ၃၅ မိုင်ကျော်ပါက ငါးဖမ်းလှေများ ပင်လယ်ပြင်မထွက် နိုင်ခြင်း၊ ဇွန်၊ ဇူလိုင်လများတွင် ရာသီ ဥတုအခြေအနေကို ကြည့်၍ လှေ မထွက်ကြဘဲ လှေများပြုပြင်ခြင်း၊ ပိုက် များ၊ ငါးဖမ်း ကိရိယာများပြင်ဆင်ခြင်း များ ပြုပြင်ခြင်းများကြောင့် ယခင် အပတ်ထက်တင်ပို့မှုလျော့နည်းရခြင်း ဖြစ်ပါတယ်။      ခင်မြနွယ်(MIRT)