၂၀၁၃ ခုနှစ် ဇွန်လမှာ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းတန်ဖိုးရှိတဲ့ သရက်ပြားခြောက် ၁၃၆ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မေလကလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၀ သန်းဖိုးရှိ သရက်ပြားခြောက် ၁၅၈ တန်ကိုတင်ပို့ခဲ့ပါတယ်။ သရက်သီးရာသီမှာ သရက်သီး တွေ တင်ပို့မှုရှိသလို သရက်သီးရာသီကုန်ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ မုန့်ပဲသရေစာလုပ်ငန်းတွေ မှာအသုံးပြုတဲ့ ကုန်ကြမ်း ပစ္စည်းဖြစ်တာကြောင့် သရက်ပြားခြောက်ကတော့ ပုံမှန်တင်ပို့နေပါတယ်။ သရက်ပြားခြောက်တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးကတော့ ငွေလဲနှုန်းအရ ၆၉၅၀၀၀-၇၀၀၀၀၀ ကျပ်ကြားဈေးပေါက်တယ်လို့ သိရပါတယ်။မော်မော်အောင်၊(DCCA)
Background