တစ်ဖက်နိုင်ငံမှ သစ်သီးဝလံများ ကို ဒေသတွင်း ထွက်ရှိချိန် မဟုတ်တဲ့ ကာလများမှာ ပြည်တွင်းသို့ တင်သွင်း ခွင့် ပြုထားပြီးဖြစ်ပါတယ်။ တင်သွင်းခွင့် ကာလတိုးမြှင့်လိုပါကသစ်သီးဝလံအသင်း ရဲ့ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံ ချက်လိုအပ်တယ်လို့လည်းသိရပါတယ်။ ယခုအခါ ကြက်မောက်သီးကို တင် သွင်းခွင့်ပြု ကာလအား ယခင်ကဇွန်လ ၁၅ ရက်အထိသာ ခွင့်ပြုရာမှ ယခု သြဂုတ်လကုန်အထိ ပြောင်းလဲတင် သွင်း ခွင့်ပြုပေးပြီးဖြစ်သလို ဒူးရင်းသီး ကိုလည်း နိုဝင်ဘာလမှ ဧပြီလအတွင်း တင်သွင်းခွင့် ပြုထားပြီးဖြစ်ပါတယ်။
ယခုအခါ ဒူးရင်းသီး တင်သွင်းခွင့် ကာလကို တိုးမြှင့်လိုကြောင်း ကုန် သည်များရဲ့အသံကြားသိနေရသဖြင့် ဒူးရင်းသီးများမှာ လက်ရှိပြည်တွင်းတွင် အထူးသဖြင့် ကရင်ပြည်နယ် ဒေသများ မှာ ပေါများစွာထွက်ရှိတဲ့ ကာလ ဖြစ်တဲ့ အတွက် အသင်းရဲ့ထောက်ခံချက် ရယူ တင်သွင်းစေလိုကြောင်း ဇွန်လ ၂၆ ရက်နေ့မှာမြဝတီ ကူးသန်းရောင်းဝယ် ရေးဇုန်မှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ဇုန် တာဝန်ခံဒုတိယ ညွှန်ကြားရေးမှူး ဦးကြည်စိန်မှ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: မြဝတီKMT(DCCA)