သရက်သီးပြည်ပတင်ပို့ခြင်းကို မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး မူဆယ် ၁၀၅ မိုင် ကူးသန်း ရောင်းဝယ်ရေးစခန်းမှ ဇွန်လနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၄၂၅ သန်းတန်ဖိုးရှိ စိန်တစ်လုံး၊ ရွှေဟင်္သာနဲ့ သရက်သီးအကြမ်း ၁၂၅၁ တန်ကိုတင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က တန်ချိန် ၁၆၀၀ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၃၄၉ တန်လျော့နည်းခဲ့ပါတယ်။ သရက်သီး ရာသီကုန်ဆုံးတော့မှာဖြစ်လို့ တစ်ပတ် ထက်တစ်ပတ်တင်ပို့မှု လျော့နည်းလာပါတယ်။ ဇွန်လအတွင်းသရက်သီး တန်ချိန် ၁၃၉၈၇ တန်ကျော် တင်ပို့နိုင် ခဲ့ပြီး မေလမှာတန်ချိန် ၁၆၀၀၀ ကျော်တင်ပို့ခဲ့တာမို့ ရာသီချိန်ကုန်ပြီလို့ ဆိုနိုင်ပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ သရက်သီး တစ်ကီလိုဈေးကို ၁ ဒသမ ၂ ယွမ်- ၄ ဒသမ ၃ ယွမ်ဈေးပေါက်နေပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှာတော့ မုံရွာ၊ ကလေးမြို့များမှ ထွက် ရှိသော ရင်ကွဲ၊ မချစ်စုစတဲ့ သရက်သီးတွေကိုဒေသသုံး စားသုံး ရန် ယခုအပတ်မှာ ၃၇ တန်ခွဲ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မော်မော်အောင် MIRT ( DCCA )
Background