Main menu

Background

မြန်မာ-တရုတ်ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ပြောင်းဖူးစေ့ ပိုမိုတင်ပို့

Mon, 07/08/2013 - 14:49 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော်နဲ့လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၈၄၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၃၄၃၀ ကျော်ကို ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်တာကာလ အတွင်းတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၅၃၉ တန်နီးပါး၊ချင်းရွှေေ ဟာ်မှ ၄၁၃၆ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၁၇၅၅ တန်ခန့် အသီး သီးတင်ပို့ခဲ့ကြပါတယ်။

ယခင်အပတ်က စခန်း (၃) ခုပေါင်း ၁၂၁၁၇ တန်ကျော်သာ တင်ပို့နိုင်ခဲ့ရာ ယခုအပတ်နဲ့နှိုင်းယှဉ်ပါက ၁၃၁၃ တန်ကျော်ပိုမိုတင်ပို့ခဲ့ တာတွေ့ရပါ တယ်။  ၂၀၁၃ ခုနှစ်ဇွန်လမှာ မြန်မာ-တရုတ်နယ်စပ်စခန်းများမှ တင်ပို့ခဲ့တဲ့ပြောင်း တန်ချိန် ၇၄၉၁၁ တန်ကျော်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မေလမှာ ၅၇၉၉၉ တန် ခန့်တင်ပို့ခဲ့တာမို့ ယခင်လထက်လည်း ၁၆၉၁၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု အပတ် မန္တလေး-မူဆယ်ကုန်စည်သယ်ယူ ခနှုန်းထား တွင် ပြောင်း တစ်ပိဿာကို ၅၃ ကျပ်ဖြစ်လို့ ယခင်အပတ်သယ်ယူခထက် ၈ ကျပ်ပိုမိုလာတာတွေ့ရ ပါတယ်။ နှစ်နိုင်ငံ ပြောင်းဈေး များ သိသိသာသာ အပြောင်းအလဲမရှိဘဲ ငွေလဲနှုန်းအရအနည်းငယ် လျော့ကျခဲ့ပါတယ် -
 
မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု        ယခင်       ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %ပြောင်း    ၃၄၄၆၈၃    ၃၅၀၂၄၂    ၅၅၅၉           ၂    ၃၆၂    ၃၆၁            ၁          ၁မော်မော်အောင်၊ MIRT (DCCA)