Main menu

Background

ပင်လယ်ရေကြောင်းမှ ရော်ဘာ ပိုမိုတင်ပို့

Mon, 07/08/2013 - 14:51 -- ydnar

ဇွန်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၃ တန်ဖိုးရှိ ရော်ဘာ ၃၇၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသို့ MSR 20  ၁၆၁ တန် ကျော်နဲ့ မလေးရှား နိုင်ငံသို့ RSS  3 တန်၂၁၀တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက်တန် ၁၆၀ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။

ဇွန်လတစ်လ လုံးမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၃ ဒသမ ၀၂၈  သန်းတန်ဖိုးရှိ ရော်ဘာRSS  3 ၈၉၄ တန်နဲ့ MSR 20  ၄၂၆ တန်၊စုစုပေါင်းတန်ချိန် ၁၃၂၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ မှ ဇွန်လအတွင်း ၁၇ ဒသမ ၀၇၉ ဒေါ်လာသန်းဖိုးရှိရော်ဘာ အဆင့်စုံ ၆၈၆၀ တန်ကျော် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်နိုင်ငံတကာရော်ဘာပေါက်ဈေး မှာဈေးအနည်းငယ်ပြန်တက်လာပေမယ့် FOB ရော်ဘာပေါက်ဈေးကတော့ ကွာခြားမှုသိပ်မရှိတဲ့အတွက် ယခင်အပတ် ဈေးနှုန်း အတိုင်း RSS  1 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀-၂၄၀၀၊RSS  3  နဲ့  MSR 20  တစ်တန်လျှင်ဒေါ်လာ၂၂၀၀-၂၃၀၀၊RSS  5  နဲ့ MSR 50  တစ်တန်လျှင်ဒေါ်လာ၂၁၀၀-၂၂၀၀၊ MSR 10   တစ်တန်လျှင် ဒေါ်လာ၂၂၅၀-၂၃၅၀၊  Creep Rubber    တစ်တန် လျှင်ဒေါ်လာ ၂၀၀၀-၂၁၀၀ ဖြစ်တယ် လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး (DCCA)