Main menu

Background

ရွှေဝါရောင်မြေမှ ရွှေဖြူလွှမ်းမည့် ဟုမ္မလင်းမြေ

Mon, 07/08/2013 - 15:39 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ချင်းတွင်းမြစ်အထက် ပိုင်း ဟုမ္မလင်းမြို့နယ်လို့ဆို ရင် ရွှေတူးဖော် ရာ ဒေသအဖြစ် လူသိများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ် အတွင်း နေထိုင်ကြသူ အတော်များများ ဟာ ရွှေရှာဖွေတူးဖော် ခြင်းလုပ်ငန်းကို အမှီပြုပြီး၊ အရောင်းအဝယ်လုပ်ကိုင်ကာ လူ ဝင်လူထွက် စည်ကားရာ ဒေသ ကြီး တစ်ခုလည်းဖြစ်ပါတယ်။

ရွှေသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဒေသခံများအနေနဲ့ သဘာ၀ ပတ်ဝန်းကျင်လည်း မပျက်စီး၊ ရွှေလုပ်ငန်းလို ဝင်ငွေကောင်းစေမဲ့ လုပ်ငန်းများကို စဉ်းစား လာကြပါတယ်။ နိုင်ငံတော်အကြီးအကဲမှလည်း ရော်ဘာဟာ စက်မှု ကုန်ကြမ်း နှစ်ရှည် ပင်တစ်မျိုးဖြစ်ပြီး၊ ပြည်တွင်းစက်မှု လက်မှုလုပ်ငန်းများရဲ့ ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်သလို ပိုလျှံတဲ့ရော်ဘာများကို ပြည်ပကို နိုင်ငံခြား ငွေနဲ့ ရောင်းချပေးနိုင်တဲ့ အသုံးအများဆုံးလိုအပ်တဲ့ ပစ္စည်း ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုလက်မှုသုံးပစ္စည်း များမှာလည်း အသုံးများဈေးကွက်ဝင်ပစ္စည်း တစ်မျိုးဖြစ် ကြောင်း၊ စိုက်ပျိုးသူများအနေနဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်တဲ့ အခွင့်အလမ်းဖြစ်လို့ အကျိုးများစွာ ဖြစ်ထွန်းနိုင်ကြောင်း၊ လူ နေမှု အဆင့်အတန်း မြင့်မားပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်နိုင် ကြောင်း၊ လမ်းညွှန်ချက်များ အရ ရော် ဘာ နှစ်ရှည်ပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့အထိ ဧက ၉၈၀၀ ခန့် စိုက်ပျိုးထားရှိပြီးဖြစ် ပါတယ်။ ၎င်း တို့အနက် ဟုမ္မလင်းမြို့ နယ်မှာ ရွှေဖြူလွှမ်းမဲ့ ရော်ဘာစိုက်ခင်းဧက ၅၁၀၀ ကျော်မှာ ဖြစ်ထွန်းနေပြီး၊ အစေးခြစ် ဧက ၅၀ ခန့် အစေးလှီးထွက်ရှိနေ ပြီဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ ရွှေဝါမြေမှ ယခုအခါသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း တဲ့ရွှေဖြူ(ရော်ဘာ) ထုတ်လုပ်နိုင်တဲ့ ဟုမ္မလင်းမြို့နယ်ဖြစ်လာပြီ ဖြစ်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ စီးပွားလဲဖြစ်၊ နိုင်ငံတော်လည်း ဝင်ငွေတိုးတဲ့ ရော်ဘာစိုက်ပျိုးခြင်းနဲ့ ဒေသ နေ ပြည်သူများ၊ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးလျက် ရှိနေပါကြောင်း ..........။သက်နိုင် - ဟုမ္မလင်း