Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 07/08/2013 - 16:09 -- ydnar

ယခုရက်သတ္တပတ်ထဲမှာ ပို့ကုန် အတွက်ဝယ်လိုအားတွေမြင့်တက်ခဲ့တဲ့ အတွက် တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ တောင်ကိုရီးယားဝမ်တို့ရဲ့ တန်ဖိုးက မြင့်တက်ခဲ့ပါတယ်။ အမေရိကန်အလုပ် လက်မဲ့ကိန်းဂဏန်းအပေါ်စိုးရိမ်မှုနဲ့ ပေါ်တူဂီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် တန်ဖိုးမြင့် တက်မှုကို ထိန်းချုပ်မှုတွေဖြစ်ခဲ့ပေမဲ့ ဒီငွေကြေးတွေရဲ့တန်ဖိုးက ဇူလိုင် ၄ ရက်နေ့က ထွန်းသစ်စအာရှ ရှိငွေကြေး တွေကိုဦးဆောင်ပြီး တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လယ် ယာမှအပလုပ်ငန်းတွေရဲ့ဇွန်လအတွက် အလုပ်အကိုင်ခန့်ထားမှုက ဒီငွေကြေး တွေရဲ့အခြေအနေကိုအဆုံးအဖြတ် ပြုနိုင်တယ်ဆိုပေမဲ့တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ ဝမ်ငွေကြေးတွေ ရဲ့တန်ဖိုးတွေ ပိုမိုမြင့်တက်လာတာကိုကြည့်ရင် ဒီငွေ ကြေးတွေရဲ့အလားအလာအပေါ် အကောင်းမြင်လာတယ် ဆိုတာကို ပြသ နေကြောင်း ဆိုးလ်ရှိ Samsung Futures  သုတေသနဌာနမှ အကြီးအကဲ ဖြစ်သူ ဂျွန်မိုင်ယန်းကပြောပါတယ်။
 
တရုတ်ယွမ် တရုတ်နိုင်ငံပြင်ပမှာ ဒေါ်လာတန် ဖိုးကျဆင်းနေတဲ့အတွက် ရည်ညွှန်းငွေ လဲလှယ်နှုန်းကနေတစ်ဆင့် တရုတ်ဗဟို ဘဏ်ကယွမ်ငွေကြေးခိုင်မာလာအောင် ဆောင်ရွက်ခဲ့ပြီးနောက် ဇူလိုင် ၄ ရက် နေ့က အမေရိကန်ဒေါ်လာနဲ့ ဖလှယ် ရာမှာ တရုတ်ယွမ်တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။ စတော့ဒိုင်ပြင်ပရောင်းဝယ်မှုမှာ ဒေါ်လာတန်ဖိုးက ဇူလိုင် ၃ ရက်နေ့က တစ်ဒေါ်လာကို ၆ ဒသမ ၁၃၀၈ ယွမ် နှုန်းဈေးပိတ်ခဲ့ပြီး ဇူလိုင် ၄ ရက်ဂရင်း နစ်စံတော်ချိန် မနက် ၈ နာရီခွဲမှာ တစ် ဒေါ်လာကို ၆ ဒသမ ၁၂၅၈ ယွမ်နှုန်း ရှိခဲ့ပါတယ်။ ယွမ်ငွေကြေးရဲ့တန်ဖိုးက ဒေါ်လာ နဲ့ဖလှယ်ရာမှာ ယခုနှစ်အတွင်း ၁ဒသမ ၇ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့ကတရုတ်နိုင်ငံရဲ့ နိုင်ငံခြားငွေရောင်းဝယ်ရေးဌာနမှာယွမ်ငွေ တန်ဖိုးကဒေါ်လာနဲ့ဖလှယ်ရာမှာ သုည ဒသမ ၃၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၁၇၉ ယွမ်နှုန်း ရှိခဲ့ပါတယ်။
အိန္ဒိယရူပီး ပြည်တွင်းရှယ်ယာတွေတန်ဖိုး မြင့် တက်နေချိန်မှာ အိန္ဒိယဘဏ်တွေနဲ့ ပို့ ကုန်လုပ်ငန်းရှင်တွေ ကဒေါ်လာရောင်းချ မှုများလာတဲ့အတွက် ဘဏ်အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေးဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၁၀ ရူပီးနှုန်း မြင့်တက်ပြီးတစ်ဒေါ်လာကို ၆၀ ဒသမ ၀၃ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပြည်တွင်းရှယ် ယာတွေတန်ဖိုး ခိုင်မာတာနဲ့ ပို့ကုန် လုပ်ငန်းရှင်တွေက ဒေါ်လာတွေထုတ် ရောင်းတဲ့အတွက် ဇူလိုင် ၄ ရက်နေ့ ကလည်း ရူပီးတန်ဖိုးက သုည ဒသမ ၀၈ ရူပီးနှုန်းမြင့်တက်ပြီးတစ်ဒေါ်လာကို ၆၀ ဒသမ ၁၃ ရူပီးနှုန်း ရှိခဲ့ကြောင်း ငွေကြေးဝယ်ရောင်းသမားတွေက ပြော ပါတယ်။
ဂျပန်ယန်း ဥရောပဗဟိုဘဏ်နဲ့ အင်္ဂလန် ဘဏ်တို့ကကြေညာချက်တွေထွက်ပေါ် လာပြီးနောက်ပိုင်း ဥရောပမှာ ယူရို တန်ဖိုးကျဆင်းပြီးနောက် ဇူလိုင် ၅ ရက် က အာရှဈေးကွက်မှာဒေါ်လာနဲ့ ယန်း တို့ဖလှယ်တဲ့အခါ ယူရိုတန်ဖိုးကဆက် လက်အားနည်းခဲ့ပါတယ်။ ယူရိုငွေကြေး ရဲ့တန်ဖိုးက ဇူလိုင် ၄ ရက်ကလန်ဒန် ဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၀၀ ဒေါ်လာနဲ့ ၁၂၉ ဒသမ ၆၂ ယန်း နှုန်း ရှိရာမှ ဇူလိုင် ၅ ရက်သောကြာ နေ့မှာတစ်ယူရိုကို၁ ဒသမ ၂၉၀၁ ဒေါ် လာနဲ့ ၁၂၉ ဒသမ ၅၀ ယန်းနှုန်းရှိခဲ့ပါ တယ်။ ဒေါ်လာ/ယန်းဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးမြင့်တက်ပြီး တစ်ဒေါ် လာကို ၉၉ ဒသမ ၇၁ ယန်းနှုန်းရှိရာမှ ဇူလိုင် ၅ ရက်မှာတစ်ဒေါ်လာကို ၁၀၀ ဒသမ ၃၇ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် ဒေါ်လာ/ရင်းဂစ်ဖလှယ်နှုန်းမှာ ဇူလိုင် ၄ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၁၈၁၅ ရင်းဂစ်နှုန်းရှိရာမှ ဇူလိုင် ၅ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၈၁၀ နှုန်းသို့ရောက်ရှိပြီး ရင်းဂစ် တန်ဖိုး မြင့်တက်ခဲ့ကြောင်း ဝယ်ရောင်း သမားတွေက ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့ မှာ ရင်းနှီးမြှုပ်နှံသူအများစုက အမေရိကန်အလုပ် အကိုင်အခြေအနေ ကိုစောင့်ပြီး အရိပ်အကဲကြည့်နေတဲ့ အတွက် ဒေါ်လာနဲ့ ဖလှယ်ရာမှာ အပြောင်းအလဲ မဆိုသလောက်သာ ရှိ ခဲ့ပါတယ်။ ဒါပေမဲ့ တခြားအဓိက ငွေ ကြေးတွေနဲ့ ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုး မြင့်တက် ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ဒီနှစ်ကုန်ပိုင်းမှာ အမေရိကန်ပြည် ထောင်စုရဲ့ လှည့်လည်ငွေကြေးတိုးမြှင့် ရေးအစီအစဉ် ကိုတစ်စစလျှော့ သွားပြီး တော့ ၂၀၁၄ ခုနှစ်မှာ အဆုံးသတ် တော့မှာဖြစ်ကြောင်း အမေရိကန် ဗဟို ဘဏ်ဥက္ကဌ ဘင်ဘာနန်ကီ က ပြော ကြားပြီး နောက်ပိုင်းဝမ်ငွေကြေးတန်ဖိုး သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပါတယ်။ ဇူလိုင် ၃ ရက်နေ့က ကိုရီးယား ဝမ် တန်ဖိုးက ရက်သတ္တပတ်နှစ်ပတ် နီးပါးအတွင်း ကျဆင်းမှုအများဆုံးဖြစ်ခဲ့ ပေမဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက စာရင်း ရှင်းဖို့ အဝယ်လိုက်လာတဲ့အပြင် တချို့ကဒေါ် လာကိုလက်ဝယ်ထား ရှိ တာကို လျှော့ချလာတဲ့အတွက် ဇူလိုင် ၄ ရက်မှာ ဝမ် တန်ဖိုးပြန်တက်ခဲ့ပါ တယ်။ ဇူလိုင် ၅ ရက် နေ့မှာ တစ်ဒေါ် လာကို ၁၁၄၂၀ ဒသမ ၇၀ ဝမ်နှုန်းရှိခဲ့ ပါတယ်။ထိုင်းဘတ် တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေးကျဆင်းမှုနဲ့ အမေရိကန် စီးပွားရေးကောင်းလာရင်စီးပွားရေး တွန်းအားပေးအစီအစဉ်တွေလျှော့ချတော့ မယ်ဆိုတဲ့သတင်းတွေကြောင့် စိုးရိမ်မှု တွေဖြစ်ခဲ့တဲ့ အတွက်ထိုင်း ဘတ်ငွေတန်ဖိုး က ရက်သတ္တပတ်အလိုက်နှိုင်းယှဉ်ရင် တန် ဖိုးကျဆင်းခဲ့ပါ တယ်။ ထိုင်းနိုင်ငံရဲ့ ပို့ကုန်က ဧပြီမှာ ၂ ဒသမ ၉ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ပြီးနောက် မေမှာ ၅ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အများဆုံး ပို့ကုန်ဈေးကွက် ဖြစ်တဲ့ တရုတ်နိုင်ငံကို တင်ပို့မှုက ၁၆ ရာခိုင် နှုန်းကျဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ စာ ရင်းအရ ဘန်ကောက်မှာ ဇူလိုင် ၄ ရက် မနက် ၉ နာရီ ၈ မိနစ်က ဘတ် ငွေတန်ဖိုးက သုည ဒသမ ၃ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၁၄ ဘတ်နှုန်းရှိခဲ့ပါတယ်။