Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 07/15/2013 - 11:02 -- ydnar

ထွန်းသစ်စ ဈေးကွက်တွေထဲကို ငွေကြေးတွေစီးဝင်စေခဲ့တဲ့ စီးပွားရေး တွန်းအားပေးအစီအစဉ်ကို လျှော့ချ မယ်ဆိုတဲ့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဘင်အက်စ်ဘာနန်ကီရဲ့ ပြောစကား ကြောင့် စိုးရိမ်မှုတွေဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်စိတ်တွေလျော့ကျလာ ပြီးတဲ့နောက် အာရှငွေကြေးတွေက ၁၀ လအတွင်း ရက်သတ္တပတ်အလိုက် တန်ဖိုးအများဆုံးမြင့်တက်ခဲ့ပါတယ်။

 
မကြာမီကာလအတွင်း "များစွာ အထောက်အကူပြုနိုင်မဲ့" ငွေကြေးမူဝါ ဒကို ကျင့်သုံးဖို့လိုမှာဖြစ်ကြောင်း ဘာနန်ကီက ဇူလိုင် ၁၀ ရက်က ပြော ကြားပြီးနောက် ယခုရက်သတ္တပတ် အတွင်းမှာ ဘလွမ်းဘတ်ဂျေပီမော်ဂန် အာရှဒေါ်လာအညွှန်းကိန်းက သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ "ဘာနန်ကီရဲ့ ဝေဖန်သုံးသပ်ချက် က ယခုရက်သတ္တပတ်အတွင်း စွန့်စား မှုလုပ်ငန်းတွေ အပေါ်ယုံကြည်ချက်ကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေ မဲ့ အမေရိကန်ဗဟိုဘဏ်က ငွေကြေး တွန်းအားပေးတာကို တစ်စစလျော့ချ မဲ့ အပေါ်စိုးရိမ်မှုက ဒေါ်လာတန်ဖိုးတက် စေမဲ့အခြေခံအဖြစ်ရှိနေတုန်းပါပဲ"လို့ ဗန်ကောက်ရိုကာစီကွန်ဘဏ်မှ ပါရီနာ ဖော်ဆီရိက ပြောပါတယ်။
တရုတ်ယွမ် အမေရိကန်အရာရှိတွေနဲ့ တရုတ် အစိုးရတို့တွေ့ဆုံပြီးနောက်ပိုင်းအချိန်နဲ့ ယွမ်တန်ဖိုးမြင့်တက်မှုက ပို့ကုန်ကိုထိ ခိုက်စေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ တရုတ်ဗဟိုဘဏ်ရဲ့ ရည် ညွှန်းနှုန်းကိုလျှော့ချပေးပြီးနောက်ပိုင်း တရုတ်ယွမ်ငွေတန်ဖိုးက ရက်သတ္တပတ် အလိုက်နှိုင်းယှဉ်ရင် ကျဆင်းမဲ့အခြေ အနေရှိနေပါတယ်။ ဗဟိုဘဏ်က ရက်သတ္တပတ်သုံး ပတ်အတွင်း အမြင့်ဆုံးရှိတဲ့နှုန်းဖြစ်တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၁၉၅၅ ယွမ် ကနေ ဇူလိုင် ၁၁ ရက်နေ့မှာ တစ် ဒေါ်လာကို ၆ ဒသမ ၁၆၃၁ ယွမ်နှုန်း အထိ တန်ဖိုးချခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က တရုတ်နိုင်ငံ ခြားငွေရောင်းဝယ်ရေးဌာနမှ တရုတ် ယွမ်တန်ဖိုးက သုည ဒသမ ၃၂ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၆၃၀ ယွမ်နှုန်းရှိခဲ့ပါတယ်။
ရူပီး ပင်လယ်ရပ်ခြားဈေးကွက်တွေ မှာ ယူရိုနဲ့ယန်းတို့နဲ့ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးမြင့်တက်တဲ့အတွက် ဇူလိုင် ၁၂ ရက်နေ့က ရူပီးတန်ဖိုးက သုည ဒသမ ၁၈ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၅၉ ဒသမ ၈၅ ရူပီးနှုန်းရှိခဲ့ပါတယ်။ သွင်းကုန်သမားတွေဆီက ဒေါ်လာဝယ် လိုအားမြင့်တက်လာတဲ့အတွက်လည်း ရူပီးတန်ဖိုးကျ ဆင်းစေကြော င်း ငွေကြေး ဝယ်ရောင်းသမားတွေကပြောပါတယ်။
ဂျပန်ယန်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဘာ နန်ကီက ငွေကြေးမူဝါဒလျှော့ချတာကို ကာကွယ်ပြောကြားပြီးနောက်ပိုင်း ဇူလိုင် ၁၁ ရက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးက ဒုတိယမြောက်နေ့အဖြစ် ကျဆင်းခဲ့ပါတယ်။ ယူရိုငွေကြေးတန်ဖိုး ဇူလိုင် ၁၀ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၉၈၈ ဒေါ်လာနှုန်းရှိခဲ့ရာမှ ဇူလိုင် ၁၁ ရက် အလားတူအချိန်မှာ တစ်ယူရိုကို ၁ ဒသမ ၃၀၉၂ ဒေါ်လာနှုန်း ရှိခဲ့ပါ တယ်။ ဂျပန်ငွေကြေးနဲ့ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးက ဇူလိုင် ၁၀ ရက်မှာ တစ်ဒေါ်လာ ၉၉ ဒသမ ၇၂ ယန်းမှာ ဇူလိုင် ၁၁ ရက်မှ ၉၈ ဒသမ ၉၀ ယန်း နှုန်းကို ပြောင်းလဲခဲ့ပါတယ်။ ယူရိုနဲ့ ဖလှယ်ရာမှာ အပြောင်းအလဲမရှိဘဲတစ် ယူရိုကို ၁၂၉ ဒသမ ၅၀ ယန်းနှုန်းရှိခဲ့ပါ တယ်။ အမေရိကန်ရဲ့ ပြည်ထောင်စု လွတ်လပ်သော ဈေးကွက်ကော်မတီ (FOMC) က တစ်လကို ဘွန်းစာချုပ် ဒေါ်လာ ၈၅ ဘီလီယံဝယ်ယူနေတဲ့ အ စီအစဉ်ကို စက်တင်ဘာကစပြီး လျှော့ ချသွားမှာဖြစ်ပါတယ်။
မလေးရှားရင်းဂစ် ရင်းဂစ်ငွေကြေးကို အမြတ်နဲ့ပြန် ရောင်းလာကြတဲ့အတွက် ဇူလိုင် ၁၂ ရက်နေ့ ဈေးအဖွင့်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ တန်ဖိုးကျ ဆင်းခဲ့ပါတယ်။ ၁၂ ရက်မနက် ၉ နာရီ က တစ်ဒေါ်လာကို ၃ ဒသမ ၁၆၆၀ ရင်းဂစ်နှုန်းရှိတဲ့အတွက် မနေ့ကစာရင်း ပိတ်ခဲ့တဲ့ တစ်ဒေါ်လာ ၃ ဒသမ ၁၆၃၀ နှုန်းအောက် တန်ဖိုးကျခဲ့ပါတယ်။ အာရှ ရှိ တခြားငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ မှာလည်း ရင်းဂစ်တန်ဖိုး ကျဆင်းခဲ့ပါ တယ်။
တောင်ကိုရီးယားဝမ် အမေရိကန်ဗဟိုဘဏ်က တစ်လ ကိုဘွန်းစာချုပ်ဒေါ်လာ ၈၅ ဘီလီယံ ဝယ်တဲ့အစီအစဉ်ကို မလျှော့ချမီ အမေ ရိကန်နိုင်ငံရဲ့အလုပ်အကိုင်ရရှိမှုကြောင့် အခြေအနေ မြင့်တက်နေတာကို ပြည် ထောင်စု လွတ်လပ် တဲ့ ဈေးကွက် ကော် မတီ အစည်းအဝေးမှတ်တမ်းမှာ တွေ့ ရပါတယ်။ တောင်ကိုရီးယား ဗဟိုဘဏ် က သူ့ရဲ့ ဗဟိုဘဏ်အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းကို ဒုတိယမြောက်လ အဖြစ် ဆက်လက်ထားရှိပါတယ်။ ဝမ်ငွေကြေးက ဆိုးလ်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၈ မိနစ်က ယခုရက်သတ္တပတ်အတွင်း ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၁၁၂၀ ဒသမ ၂၀ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းဘတ်ငွေတန်ဖိုးရဲ့ ရက်သတ္တ ပတ်အတွင်း တန်ဖိုးမြင့်တက်မှုက သုံးလ အတွင်း အမြင့်ဆုံးအခြေအနေ ကို ရောက်ရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြား က ရင်းနှီးမြှုပ်နှံသူတွေက လွန်ခဲ့တဲ့နှစ် ရက် အတွင်း ပြည်တွင်း ရှယ်ယာတွေကို အရောင်းထက် အဝယ်က ဒေါ်လာ ၁၃၆ သန်းဖိုးပိုမိုခဲ့ပါတယ်။ ထိုင်းဘတ်ငွေတန်ဖိုးက ဇူလိုင် ၁၁ ရက် မနက် ၈ နာရီမိနစ် ၄၀ က ဘန်ကောက်မှာ ယခုရက်သတ္တပတ်အ တွင်း သုည ဒသမ ၆ ရာခိုင်နှုန်းမြင့် တက် ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၁၁ ဘတ်နှုန်းရှိခဲ့ပါတယ်။