Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Mon, 07/15/2013 - 11:06 -- ydnar

ဝါရှင်တန် တရုတ်နိုင်ငံက သူရဲ့ငွေကြေး ကို တန်ဖိုးမြှင့်ထားဖို့ အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီးဂျက်ကော့လျူးက ဇူလိုင် ၁၁ ရက်နေ့က တိုက်တွန်း ကြောင်း အေအက်ဖ်ဒီ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ က လက်ခံနိုင်ဖွယ် ရှိတဲ့ဘက်ကို ဦးတည်လာပြီဖြစ်ကြောင်း နှစ်ရက် ကြာကျင်းပခဲ့တဲ့ နှစ်နိုင်ငံနှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ မဟာဗျူဟာနဲ့ စီးပွား ရေးဆွေးနွေးပွဲမှာ လျူးက ပြောပါ တယ်။

 
ဆိုးလ် တောင်ကိုရီးယားဒစ္စပလေးဖန် သားပြင်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ် တဲ့ LG Display Co  က စမတ်ဖုန်း တွေအတွက် ကမ္ဘာမှာ အပါးဆုံး HDLCD  ဖန်သားပြင်ကို ထုတ်လုပ် ထားတယ်လို့ ဇူလိုင် ၁၁ ရက်ပြော ကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြ ထားပါတယ်။ ဒီဖန်သားပြင်က မြင် ကွင်းကိုကျယ်ကျယ်ရရှိစေပါတယ်။ စမတ်ဖုန်းတွေမှာ မာလတီမီဒီယာ တွေ သုံးလာပြီဖြစ်တဲ့အတွက် အရေး ပါတဲ့ ပြောင်းလဲမှုဖြစ်ပါတယ်။
ဟနွိုင်း ဗီယက်နမ်ပြည်တွင်း သကြား ထုတ်လုပ်သူတွေက ဈေးနှုန်းကျဆင်း မှု၊ လက်ကျန်များပြားမှုနဲ့ တရုတ်နိုင်ငံ ဘက် မှ တရားမဝင်တင်သွင်းမှုတွေရဲ့ ဒဏ်ကို ခံနေရတယ်လို့ ဗီယက်နမ်ကြံ နဲ့ သကြား အသင်းကပြောကြောင်း  VNS သတင်းမှာ ဖော်ပြပါတယ်။ သကြားရောင်းဈေးက ယခင်နှစ် အောက်ကျဆင်းနေပေမဲ့ ကြံကိုဝယ် ယူတဲ့ ဈေး က မြင့်နေကြောင်း လယ် ယာ၊ သစ်တောနဲ့ ရေလုပ်ငန်းထုတ် လုပ်မှုနဲ့ ကုန်သွယ်မှုဌာနရဲ့ လက် ထောက်အကြီးအကဲ ကပြောပါတယ်။
ဘန်ကောက် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်စတဲ့ ထွန်းသစ်စနိုင်ငံတို့ရဲ့ ဦးဆောင်မှုနဲ့အတူ တည်ငြိမ်တဲ့ စီး ပွားရေး ဖွံ့ဖြိုးမှုကြောင့် အာရှပစိဖိတ် ဒေသတွင်း မှာရှိတဲ့ စားသုံးသူယုံ ကြည်မှုက မြင့်တက်နေကြောင်း မာစတာကတ် က နောက်ဆုံးထုတ် ပြန်တဲ့ စားသုံးသူ အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။ ယခုအညွှန်း ကိန်းကို တွက်ချက်ရာမှ အာရှနဲ့ ပစိဖိတ် ဒေသမှာရှိတဲ့ နိုင်ငံ ၂၇ နိုင်ငံ က အသက် ၁၈ နှစ်နဲ့ ၆၄ နှစ် ကြား ရှိသူ ၁၂၂၀၅ ဦးကို ဧပြီနဲ့မေ အတွင်းကောက်ခံတဲ့ စစ်တမ်းအရ ပြုစုထားတာဖြစ်ပါတယ်။