Main menu

Background

ဂရိနိုင်ငံအတွက် အကူအညီသစ်ပေးဖို့ ယူရိုဇုန်ဝန်ကြီးတို့ သဘောတူ

Mon, 07/15/2013 - 11:09 -- ydnar

အရေးတကြီးလိုအပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက်ဆောင် ရွက်သွားမယ်ဆိုရင် ဂရိနိုင်ငံအတွက် အကူအညီသစ် ယူရိုဘီလီယံ ပေါင်း များစွာပေးဖို့ ဥရောပဘဏ္ဍာရေးဝန်ကြီး တွေက ဇူလိုင် ၈ ရက်က သဘောတူခဲ့ ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော် ပြထားပါတယ်။

ယူရိုအုပ်စုကဝန်ကြီးတွေက နွေဦး ရာသီမတိုင်မီ နောက်ဆုံးအစည်းအဝေး ကို ကျင်းပနေတာဖြစ်ပြီး ဒီအစည်း အဝေးအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့အကြီးအကဲ ခရစ်စတင်းလား ဂတ်လည်း တက်ရောက်ခဲ့ပါတယ်။ ဒီ အစည်းအဝေးမှာ ဂရိနိုင်ငံအတွက် အကူအညီသစ်ယူရို ၆ ဒသမ ၈ ဘီလီ ယံပေးဖို့ ဝန်ကြီးများက သဘောတူခဲ့ပါ တယ်။ ဒါပေမဲ့ ငွေကြေးကိုတစ်သုတ်ထဲ နဲ့အပြီးထုတ်ပေးမှာမဟုတ်ပါဘူး။ တွေ့ ကြုံလာရတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး အမျိုးမျိုးခွဲပြီးထုတ်ပေးမှာ ဖြစ်ပါတယ်။ "ယူရိုအုပ်စုက ဂရိနိုင်ငံသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အလေး ထားကြောင်းပြသလျက်ရှိပါတယ်။ တစ် ချိန်တည်းမှာ နောက်တစ်ကြိမ်ငွေထုတ် ပေးဖို့အတွက် ကြိုတင်လုပ်ဆောင်စရာ အားလုံးကိုအပြည့်အဝဆောင်ရွက်ဖို့ လာမဲ့ရက်သတ္တပတ်ထဲမှာ ထူးခြားတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လိုပါတယ်" လို့ ဒတ်ချ် ဘဏ္ဍာရေးဝန်ကြီး ဂျေရို အန်ဒီဆဲဘလိုအင် က ပြောပါတယ်။ အထူးသဖြင့် လိုအပ်တာက ပြည်သူစီမံ အုပ်ချုပ်ရေး အတွက် လိုအပ် တဲ့ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့လို ပါတယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် ဂရိအစိုးရက ယခုနှစ်ကုန် မှာ နိုင်ငံတော် လုပ်ငန်း ပေါင်း ၄၀၀၀ ကိုလျှော့ချဖို့နဲ့ မြို့ပြ ဝန်ထမ်း ၂၅၀၀၀ ကို လုပ်ငန်း ပြောင်းရွှေ့ထားဖို့ ကတိပြုထားပါ တယ်။