Main menu

Background

ဆင်းရဲသားလယ်သမားတို့အတွက် ထိုင်းအစိုးရက အပေါင်ထား စနစ်သစ် ပြဌာန်းမည်

Mon, 07/15/2013 - 12:13 -- ydnar

လာမဲ့ရိတ်သိမ်းရာသီအမီ စပါးတောင်သူတွေအတွက် အပေါင်ထားစနစ် သစ်ကို စတင်နိုင်ဖို့အတွက် လာမဲ့လကစပြီး အစိုးရကစတင်ဆောင်ရွက်နေ ကြောင်း ထိုင်းနိုင်ငံနေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဈေးနှုန်းလျှော့ချတာကို ဆင်းရဲတဲ့ လယ်သမားတွေမခံစားရအောင် အစီ အစဉ်သစ်အရ ဈေးနှုန်းတွေသတ်မှတ် တဲ့အခါ စပါးစိုက်ဧရိယာအရွယ်အစား အပေါ် မူတည်သတ်မှတ်သွားမှာဖြစ်ပါတယ်။ အစီအစဉ်သစ်ကိစ္စဆွေးနွေးဖို့ လယ်သမားများနဲ့သက်ဆိုင်ရာအေဂျင်စီ တွေကို ခေါ်ယူပြီး ဇူလိုင် ၁၀ ရက်နေ့မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ယန်ယောင်ဖူအန်ဂရပ်က အစည်းအဝေးကျင်းပမှာ ဖြစ်ပါတယ်။ "အပေါင်ထားဈေးနှုန်းသစ်ကတကယ်ဈေးကွက်အခြေအနေကို ရောင်ပြန် ဟပ်ထားမှာဖြစ်ပါ တယ်။ ဈေးနှုန်းသစ်တွေ က ကျဆင်းသွားပေမဲ့ ဆင်းရဲတဲ့ လယ်သမားတွေရဲ့ဝင်ငွေကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဒီအစီအစဉ်သစ်အရ ဆန်တင်ပို့မှုတိုးတက်လာ အောင် အားပေးနိုင်ပါလိမ့်မယ်" လို့ ယန်ယောင်က ပြောပါတယ်။ အစီအစဉ်သစ်ကို အားလုံးက လက်ခံနိုင်မှာဖြစ်ကြောင်း၊ ဈေးနှုန်းတွေ ကို ယခုလထဲမှာတွက်ချက်ပြီး လယ် သမားတွေက ညှိနှိုင်းမှုတွေဆောင်ရွက် နိုင်အောင် လာမဲ့လထဲမှာကြေညာသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ အပေါင်ထားတဲ့ဈေးနှုန်းသစ်တွေကိုသတ်မှတ်ရာမှာ လယ်သမားတစ်ဦး ချင်းစီရဲ့ စပါးစိုက်ဧရိယာအရွယ်အစားအရ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဌာန ညွှန်ကြားရေးမှူးချုပ်ဒီဘွန်းလာဆာနာရူအန်ရာဆာ က ပြောပါတယ်။ ဒီအစီအစဉ်က ဆင်းရဲတဲ့လယ်သမားတွေကိုအကူအညီပေးဖို့ဖြစ်ကြောင်း နဲ့ လယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှုစရိတ် ကျဆင်းသွားအောင်အစိုးရက အကူအညီပေးသွားမှာဖြစ်ကြောင်း သူမကပြောပါတယ်။