Main menu

Background

ဂျပန် ဝန်ဆောင်မှု ကဏ္ဍရဲ့ ယုံကြည်မှု ဇွန်တွင် ကျဆင်း

Mon, 07/15/2013 - 12:24 -- ydnar

ဂျပန်ဝန်ဆောင်မှုကဏ္ဍယုံကြည် မှုအညွှန်းကိန်းက ဇွန်မှာ ၅၃ မှတ်ထိ ကျရောက်ခဲ့ကြောင်း ဇူလိုင် ၈ ရက်က ထုတ်ပြန်တဲ့ ဝန်ကြီးအဖွဲ့ရုံးစစ်တမ်းရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

ယခုကျဆင်းမှုက ဘဏ္ဍာရေးဈေး ကွက်များအတွက် အလားအလာ အပေါ် မရေရာမှုကယုံကြည်မှုကို ဆိုး ကျိုးသက်ရောက်စေတဲ့ လက္ခဏာတစ် ရပ်ဖြစ်ပါတယ်။ အငှားယာဉ်မောင်း၊ ဟိုတယ်လုပ်သားများနဲ့ စားသောက် ဆိုင်ဝန်ထမ်းတွေလို လုပ်သားတွေကို ကောက်ခံထားတဲ့စစ်တမ်းအရ လက်ရှိ စီးပွားရေးအခြေအနေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ယုံကြည်မှုက မေလမှာ ၅၅ ဒသမ ၇ မှတ်ရှိရာကနေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးအဖွဲ့ရုံးက စီးပွားရေး အလားအလာအညွှန်းကိန်းကို ၂၀၀၁ ခုနှစ် သြဂုတ်လကစပြီး စုစည်းပြုစုခဲ့ တာဖြစ်ပါတယ်။ အနာဂတ်အခြေ အနေတွေနဲ့ပတ်သက်တဲ့ ယုံကြည်မှု အဆင့်ကိုညွှန်ပြနေတဲ့ အညွှန်းကိန်းက မေမှာ ၅၆ ဒသမ ၂ မှတ်ရှိရာက ၅၃ ဒသမ ၆ မှတ်ကို ကျဆင်းခဲ့ပါတယ်။ စီးပွားရေးနာလန်ထူမှုနှုန်းက မကြာ သေးမီက အနည်းငယ် တိုးတက်မှုရှိခဲ့ ကြောင်း ဝန်ကြီးအဖွဲ့ရုံးက ထုတ်ပြန်ပါ တယ်။