Main menu

Background

ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

Mon, 07/15/2013 - 13:06 -- ydnar

နိုင်ငံတော်စီးပွားရေးရဲ့ အဓိက မောင်းနှင်အားတစ်ခုဖြစ်တဲ့ ကုန်သွယ်မှု နဲ့ ပတ်သက်ပြီး၊ ယခုထက်ပိုမိုတိုး တက်စေဖို့ ပိ့ုကုန်မြှင့်တင်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာကုန်သွယ်မှုမြှင့် တင်ရေး ဌာနညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ အသင်းဖွဲ့များ၊ အထူးပြုကုမ္ပဏီများနဲ့ တွေ့ဆုံပြီး၊ ဝန်ထမ်းထုကို ဌာနရဲ့ ရှေ့ လုပ်ငန်းစဉ် များရှင်းလင်းပြောကြားခြင်း တို့ ဆောင်ရွက်ရန် ဇူလိုင်လ ၇ ရက်မှ ၁၀ ရက်အတွင်း သွားရောက်ခဲ့ပါတယ်။

ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်း များနဲ့ တွေ့ဆုံဆွေး နွေးမှာ ကြားရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိဦးစီးဌာနများကို ပြောင်း လဲဖွဲ့စည်းခြင်းများဆောင်ရွက်ပြီး ဖြစ်လို့ အခြေခံလုပ်ငန်းများလည်း ပြောင်းလဲ သွား ပြီဖြစ်တာကြောင့် ဝန်ထမ်းများရဲ့ အတွေးအမြင်ခံယူချက်လည်းပြောင်းလဲ ရမှာဖြစ်ကြောင်း၊ Trade  Promotion  အတွက်လုပ်ငန်းစဉ်အခြေခံအချက်များ ကိုလည်းကောင်း၊ ကုန်စည်ပြပွဲများ ဆက်စပ်ဆောင်ရွက်ေ ပးခြင်း၊ ကုန်သည် များနဲ့အမြဲထိတွေ့နေပြီး၊ဈေးနှုန်းသတင်း အချက်အလက်များကို  မျှဝေခြင်း၊ ဝယ်သူ၊ ရောင်းသူ၊ ထုတ်လုပ်သူစတဲ့ အသင်းအဖွဲ့အစည်းတို့ကို ချိတ်ဆက်၊ ညှိနှိုင်းပြီး၊ မိမိဒေသထွက်ကုန်များ၊ သီးနှံများကို အရည်အသွေးမြှင့်တင်ခြင်း များ ဆောင်ရွက်သွားကြဖို့လိုကြောင်း၊ အင်တာနက်ချိတ်ဆက်ပြီး ပြည်ပဈေး ကွက်များကို မိမိဒေသအဖွဲ့အစည်းများ သိရှိစေဖို့ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တို့ကို လမ်းညွှန်ခဲ့ပါတယ်။ ဆက်လက်ပြီး၊ ဆန်စက်လုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များ၊ အထူးပြု ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ ဒေသ ဆိုင်ရာတာဝန်ရှိသူများနဲ့ ဆွေးနွေးရာ မှာလည်းလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေဖို့ ဝန်ကြီးဌာန၊ စက်ပိုင်၊ ကုန်သည် အသင်းအဖွဲ့အစည်းများအားလုံး ဝိုင်း ဝန်း လုပ်ဆောင်ဖို့လိုကြောင်း၊  နိုင်ငံ တကာဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် မျိုးပြောင်းလဲခြင်းသာမက ဆန်စက်များ အဆင့်မြင့် တည်ဆောက်ဖို့လိုကြောင်း၊ အခွန်အခများကို လည်း နိုင်ငံတော် မှ ဖြေလျော့ပေးလျက်ရှိကြောင်း၊ နိုင်ငံ တကာဈေးကွက်ရပြီး၊ ကုန်ပစ္စည်းများ ကို ဈေးကွက်မပျော က်ရေး ဝိုင်းဝန်း ထိန်းသိမ်းဖို့လိုကြောင်း၊ စီးပွားရေးသံမှူး များကို နိုင်ငံ ၂၀ ခန့်မှာ တာဝန်ပေးထား တာကြောင့် အကျိုးဆက်အနေနဲ့ အဆိုပါ နိုင်ငံများနဲ့ မြန်မာနိုင်ငံအပြန် အလှန် ချိတ်ဆက်ပြီး၊ ဈေးကွက်ဝင်၊ ပို့ကုန်များ ပိုမိုတိုးချဲ့ တင်ပို့နိုင်တော့ မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။             ဒဂုန်ဧရာ