Main menu

Background

ကားအရောင်းအဝယ်အနည်းငယ်အေးပြီး ဈေးတန်းပုံမှန်သာရှိ

Mon, 07/15/2013 - 14:11 -- ydnar

ယခု ရက်သတ္တပတ် အတွင်း ရန်ကုန်မြို့တွင်းရှိ ကားရောင်းဝယ်ရေး စခန်းနေရာစုံတွင် လူအဝင်ရှိသော် လည်း အရောင်းအဝယ် အေးလာ ကြောင်း သိရသည်။ ယင်းမှာယခင်လ ကုန်ပိုင်းခန့်ကစတင်၍ ဈေး ကွက်အေး နေပြီးနိုင် ငံခြားငွေဈေးတက်ခြင်း၊ ဒေါ်လာနှင့်အတူယန်းငွေပါဈေးမြင့်လာ ခြင်း၊ ပြည်ပကားလေလံဈေးမြင့်လာ ခြင်းဂယက်များကြောင့်တစ်ကြောင်း၊ ရန်ကုန်မြို့ဆင်ခြေဖုန်းများတွင် ပေါ် ပေါက်လာမည့် အိမ်ရာစီမံကိန်းအသစ် များကြောင့် မြေဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ကောင်းလာသဖြင့် အိမ်မြေဘက်လှည့်သူများလာခြင်းလည်း တစ်ကြောင်း ပါကြောင်းသိရသည်။

ရန်ကုန်တွင် ရောင်းအားကောင်း သည့် မိုးလုံလေလုံသီရိမင်္ဂလာဈေး ဟောင်း ကားရောင်းဝယ်စခန်းမှာပင် အရောင်းအဝယ်အေးလာပြီး ၁၃၀၀ စီစီကားအနည်းငယ်နှင့်အက္ခရာနိမ့်ဝက်ဂွန် များ၊ဖိုးဝှီးလ်များအနည်းငယ်သာ အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။ စလစ် ဈေးတန်းလည်းပြန်မာနေပြီး အမည် ပေါက်စလစ်ဈေးတန်းမှာကျပ် ၉၈သိန်းမှ ကျပ်၁၀၀သိန်းအထိဖြစ်နေကြောင်း၊'သ' အက္ခရာယာဉ်ဟောင်းလည်း ရှားပါး လာသည်မှာတစ်ကြောင်း တစ်ရပ်ဖြစ်ပြီး လက်ရှိကျပ်၉၃သိန်းဈေးပေါက်ကြောင်း မင်းရဲကျော်စွာဝိုင်းအကျိုးဆောင် ကိုမြင့်ကျော်မှ ဖြေသည်။ ကားလေးများဈေးကွက်အေး၊ ဈေးတန်းနေသော်လည်း တက္ကစီအငှား ယာဉ်ဈေးကွက်တွင်ဈေးအနည်းငယ်ဆင်း သဖြင့် အဝယ်အနည်းငယ်ရှိကာရောင်း တန်းကားများဖြစ်သောပရိုဘောက်ဗင်နှင့် အေဒီဗင်အချို့ အရောင်းအဝယ် ရှိကြောင်း   ဈေးတန်းမှာလည်းပရိုဘောက်ကျပ်၁၀၀ သိန်းစွန်းစွန်းနှင့် အေဒီဗင်မှာကျပ်၁၀၀ သိန်းခန့်ဖြစ်ကြောင်းစီ အန်ဂျီ ဓါတ်ငွေ့ ဈေးတက်မည့်သတင်းကြောင့်ရောင်းအား အနည်းငယ်အေးသွားပြီးလတ် တလော ရောင်းကြသူ များမှာလည်းယခင်ပေါက်ဈေး ထက်ကျပ်၂၅သိန်း၊ကျပ်၃၀သိန်းခန့် ဆင်းရောင်းမှသာ အဝယ်ရှိကြောင်း၊ ကိုရိုလာဗင် (97) မိုဒယ်စီအန်ဂျီကျပ်၁၇၀ သိန်းဖြင့်ဈေးမြင့်အရောင်းဖြစ်ခဲ့ကြောင်း ၎င်းမှပြောသည်။ ကားဈေးကွက်အတွက် ကားလေး များထက်အနည်းငယ်ရောင်းအားရှိသည်မှာ ကိုရီးယားနိုင်ငံလုပ်လိုက် ထရပ်များဖြစ်ပြီး  ရန်ကုန်ဈေးကွက်တွင် ရွေးချယ်စရာများ သဖြင့်နယ်ဝယ်လက်အလာများပြီးမန္တလေး မှာလည်း အဝယ်ရှိနေကြောင်းသိရသည်။SN