မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၃၈၁ တန်နီးပါး၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၈၆ သန်းတန်ဖိုးရှိ ပြောင်း၂၇၇၀ တန်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၅၁ သန်းတန်ဖိုးရှိပြောင်း ၁၂၀၁ တန်ကျော်ကို ဇူလိုင်လ ၃ ရက်မှ ၁၁ ရက်အထိ ၉ ရက်တာကာလအတွင်းတင်ပို့ခဲ့ကြပါတယ်။ ယခင်အပတ်ရော ယခု အပတ်မှာပါ ကန်ပိုက်တီး စခန်းမှ ပြောင်းတင် ပို့မှုမရှိဘဲ ယခင်အပတ်က ကျန်စခန်း သုံးခုမှ ပြောင်းတန်ချိန် ၁၃၄၃၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်တန်ချိန် ၃၀၀၀ ကျော်လျော့နည်းသွားခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထား မှာ ပြောင်း ၁ ပိဿာ ၅၄ ကျပ်ဖြစ်တာမို့ ယခင်အပတ်သယ်ယူခ ထက် အနည်းငယ် တက်လာတာတွေ့ရ ပါတယ်။ နှစ်နိုင်ငံပြောင်းဈေးတွေကိုကြည့် မယ်ဆိုလျှင် တစ်ဖက်နိုင်ငံဈေးမပြောင်းလဲဘဲ မိမိဘက်ဈေးက ယခင်အပတ်ထက် အနည်းငယ်ပိုမိုလာပါတယ် -
မိမိဘက်(ကျပ်တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်း ၃၄၈၂၇၆ ၃၄၄၆၈၃ ၃၅၉၃ ၂ ၃၆၂ ၃၆၂ - -မော်မော်အောင်၊ MIRT (DCCA)