Main menu

Background

ပထမ ၆ လကာလအတွင်း ဗီယက်နမ်မှ ရော်ဘာ ကန်ဒေါ်လာ ၉၇၆ သန်းကျော်ဖိုး တင်ပို့နိုင်

Mon, 07/15/2013 - 14:31 -- ydnar

၂၀၁၃ ခုနှစ် ပထမ ၆လတာကာလ (ဇန်နဝါရီလမှ ဇွန်လ ထိ) မှာ ဗီယက်နမ်နိုင်ငံမှ ကန်ဒေါ်လာ ၉၇၆ သန်း ကျော်တန်ဖိုး ရှိ ရော်ဘာ ၃၈၃၀၀၀ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူထက် ပမာဏအားဖြင့် ၅ ရာခိုင်နှုန်းနဲ့တန်ဖိုးအား ဖြင့် ၁၉ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိ ရပါတယ်။

ဇွန်လမှာ တန်ချိန် ၇၉၀၀၀ တင်ပို့နိုင်ခဲ့ပြီး ရော်ဘာ ၁ တန်လျှင် ကန်ဒေါ်လာ ၂ ဒသမ ၅၉၅၊ ရာခိုင်နှုန်း အားဖြင့် ၁၅ ဒသမ ၂ ရာခိုင်နှုန်း ယမန်နှစ်ကာလတူ ထက် လျော့နည်း ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံမှ ပြည်ပသို့ရော်ဘာ တင်ပို့မှု စုစုပေါင်းပမာဏ ရဲ့ ၄၆ ရာခိုင်နှုန်းကို ဝယ်ယူလျက် ရှိသော်လည်း လတ်တလောမှာ ၂၁ ရာခိုင်နှုန်း ကျော် ဝယ် ယူမှု ပမာဏလျော့နည်းခဲ့ပါတယ်။ မလေးရှားနိုင်ငံကတော့ ဗီယက်နမ်ရော်ဘာဒုတိယ အများဆုံး ဝယ်ယူတဲ့နိုင်ငံ ဖြစ်ပြီးသူရဲ့ဝယ်ယူမှု ပမာဏဟာ လည်း ပထမ ၅ လမှာ ၁၁ရာခိုင်နှုန်းကျော် လျော့ နည်းခဲ့ပါ တယ်။ ဇွန်လဝယ်ယူမှုပမာဏသည်သာလျှင် ၁၀ ရာခိုင်နှုန်း ကျော်တက်လာတယ်လို့ သိရပါတယ်။ လတ်တလောမှာ ရော်ဘာဈေးများကျနေသော်လည်း ကမ္ဘာ့ရော်ဘာအများဆုံးတင်ပို့တဲ့ထိုင်းနိုင်ငံမှလာမဲ့လ အနည်း ငယ်အတွင်းမှာရော်ဘာဈေးများကိုပြန်လည် ဆွဲတင် ပေးသွား နိုင်တယ်လို့ မျှော်မှန်းနေကြ ပါတယ်။               CMK