Main menu

Background

ရော်ဘာဈေးမြင့်လာချိန်တွင် ရောင်းလိုအားများလာခြင်းက ဈေးနှုန်းကို ပြန်လည်ကျဆင်းသွားစေ

Mon, 07/15/2013 - 14:32 -- ydnar

ဇူလိုင်လအတွင်း ရော်ဘာဈေးနှုန်းများ အားနည်းလာ တယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မှိုင်းခံရော်ဘာ အဆင့် - ၅ (Thai Rubber RSS- 5)  က ဇူလိုင်လ ၈ ရက်နေ့မှာ ၂၆၃၁ ဒသမ ၅၀ ဒေါ်လာ အထိ ၈၇ ဒေါ်လာ ဈေးကျလာတယ်။

ရော်ဘာဈေးမြင့်လာချိန်မှာ ရောင်းလိုအားများ လာ ခြင်းက ဈေးနှုန်းကို ပြန်လည်ကျဆင်းသွားစေတယ်။ ဒါ့အပြင် ကမ္ဘာ့ရော်ဘာ ဝယ်လိုအား အများဆုံးတရုတ်နိုင်ငံမှာ စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေအတိုးနှုန်းကို တိုးမြှင့် လိုက်ခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေး သွားစေ နိုင်ပြီး ရော်ဘာဝယ်လိုအားကိုပါ ကျဆင်းသွားမယ်လို့ စိုးရိမ် ပူပန်လာခြင်းကလည်း ဈေးနှုန်းကို ကျဆင်းစေတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အလုပ်အကိုင်ခန့်ထားမှုနှုန်း တိုးလာခြင်းကြောင့် စီးပွားရေးတိုးတက်ကာ ဝယ်လိုအား များ လာမည် ခန့်မှန်းခြင်း၊ မိုးရာသီဖြစ်၍ ရော်ဘာစေးခြစ်ယူမှု နှောင့်နှေးနိုင်ပြီး ရောင်းလိုအားလျော့နည်းစေ နိုင်ခြင်း၊ ယန်းငွေတန်ဖိုးကျဆင်းက ယန်းငွေနဲ့ ရောင်းချတဲ့ ကုန်စည် များကို ဝယ်လိုအားတိုးလာစေခြင်းတို့ က ရော်ဘာေ ဈးနှုန်းကို ဦးမော့လာနိုင်စေတယ်လို့ ခန့်မှန်းကြတယ်။            ပပ