Main menu

Background

တရားဝင် လမ်းပေါ်ရောက်ဖို့ ဝိုင်းဝန်း ဆောင်ရွက်ဖို့လို

Mon, 07/15/2013 - 14:52 -- ydnar

ကုန်သွယ်မှု တိုးမြှင့်ဖို့
 
နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိက ကျတဲ့နေရာမှာ ပါဝင်နေတာကတော့ ကုန်သွယ်မှုပဲဖြစ် ပါတယ်။ ဒါကြောင့် ကုန်သွယ်မှု လျင် မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်စေရေး အတွက် စီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ မျက်ခြည်မပြတ်စောင့်ကြပ် ဆောင်ရွက် ခဲ့ပါတယ်။ဒီလိုဆောင်ရွက်ရာမှာ ကုန်သွယ်မှု နဲ့ပတ်သက်ပြီး အခက်အခဲ အတားအ ဆီးများ မရှိစေရေးအတွက် မူဝါဒစနစ် ပြောင်းလဲပြင်ဆင်သင့်တာတွေကို မျက် ခြည်မပြတ်အချိန်နဲ့တစ်ပြေးညီပြင် ဆင် ပြောင်းလဲပေးခဲ့တာ ကတော့ စီးပွားရေး လောကအသိုင်းအဝိုင်းတစ်ခုလုံးအသိ ပဲဖြစ်ပါတယ်။

ဒီလိုပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ လဲ လတ်တလောအဆင်ပြေရေးအတွက် တင်မဟုတ်ပဲ၊ မကြာခင် ရောက်ရှိ လာ တော့မယ့် အာဆီယံစီးပွားရေးအသိုက် အဝန်း၊ အာဆီယံလွတ်လပ်သော ကုန် သွယ်မှုဒေ သများ အတွက်ပါ တစ်ခါ တည်းပြင်ဆင်သွားတာလဲဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ရာမှာလည်း နိုင်ငံတော်အ စိုးရအဖွဲ့ ရဲ့ စီးပွားရေး ဦးတည်ချက်အရ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာ ဖြစ်ပေါ်လာအောင် ထည့်သွင်း စဉ်းစား ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
 
 
ဖြေလျော့မှုများ ဆောင်ရွက်ခဲ့တာတွေကတော့ အ မျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပတာ၊ ပြည်သူ့အသံနဲ့ အကြံဉာဏ် ရယူတာ၊ ယခင်က တားမြစ်ပိတ်ပင် ထားသော ကုန်ပစ္စည်းများကို ပြန်လည် စိစစ်ပြီး တင်သွင်း ခွင့်ပြုတာ၊ ပြည်ပပို့ ကုန်တွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် တွေလျှော့ပေါ့ပေးတာ၊ စီးပွားရေးလုပ် ငန်းအတွက် လိုအပ်နေတဲ့ငွေကြေးအ ရင်းအနှီးတွေ ရယူရာမှာ ဘဏ်အတိုး နှုန်းတွေကို လျှော့ချပေးတာ၊ ပို့ကုန် သွင်းကုန်လိုင်စင်များကို အလွယ်တကူ ထုတ်ယူခွင့်ရအောင် ဆောင်ရွက်ပေး တာ၊ တချို့ ပစ္စည်းတွေကို လိုင်စင် လျှောက်ထားရန် မလိုပဲ တင်ပို့တင်သွင်း ခွင့်ပြုတာ၊ အလိုအလျောက် လိုင်စင် စနစ်နဲ့ နေ့ချင်းပြီး ထုတ်ပေးတာတွေကို မယုံကြည်နိုင်လောက်အောင် ဆောင် ရွက်ပေးခဲ့ပါတယ်။လမ်းကြောင်းမှန်ပေါ် ရောက်အောင် နိုင်ငံတော်က တရားဝင်ကူးသန်း ရောင်းဝယ်မှုတွေ ဖြစ်ဖို့အတွက် အဖက် ဖက်က ဆောင်ရွက်ပေးခဲ့သော်လည်း အချို့အချို့သော စီးပွားရေးသမားများနဲ့ လုပ်ငန်းရှင်များက လမ်းကြောင်းမှန် ပေါ်သို့ တက်မလာပဲ တရားမဝင် ကုန် သွယ်မှုတွေကို ဆက်လက်ဆောင်ရွက်  နေတဲ့အတွက် နိုင်ငံတော်အနေနဲ့ တ ရားမဝင်ကုန် ပစ္စည်းတွေ ကို ရွေ့လျားစစ် ဆေးရေးအဖွဲ့ (Mobile Team)  ဖြင့် လိုက်လံစစ်ဆေး တားဆီးခဲ့ရပါတယ်။ (Mobile Team)ကို တရားမဝင် ကုန် စည်များဝင်ရောက်မှုနဲ့ တရားမဝင် ခိုး ထုတ်နေမှုများ ကို ပြည်ထောင်စု အဆင့် ကော်မတီတစ် ရပ်ဖွဲ့စည်းပြီး ဥပဒေနဲ့အ ညီထိထိရောက်ရောက် အရေးယူ ဆောင်ရွက်စေ ဖို့ ပထမအကြိမ်ပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးမှာ တင် ပြခဲ့တဲ့ အဆိုကို အစည်းအဝေးမှ အ တည်ပြုချက်အရ တရားမဝင် ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီကို ဖွဲ့စည်း ပေးခဲ့ပါတယ်။ Mobile Team လုပ်ငန်းများကို နိုင်ငံ တော်ရဲ့ လမ်းညွှန်ချက်နဲ့ အညီလွန်ခဲ့တဲ့ (၅) လကစပြီး မူဆယ် နဲ့မြဝတီ လမ်း ကြောင်းများမှာ ဆောင်ရွက်ခဲ့ပေမယ့် လည်း တရားမဝင် ကုန်သွယ်မှုများ ရှိနေသေးတာ ကို တွေ့နေရပါတယ်။ သွင်းကုန်ပိုင်းမှာ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ မိမိတို့ရဲ့ကုန်သွယ်မှုပမာဏဟာ မိမိတို့ ဘက် ကိန်းဂဏန်းနဲ့ တစ်ဘက်နိုင်ငံ ကိန်းဂဏန်းအရ ၈ ဆမှ ၁၂ ဆထိ ကွာခြားမှု ရှိနေတာကို တွေ့နေရ ပါ တယ်။ ဥပမာ အနေဖြင့် တစ်နိုင်ငံလုံး တွင် လက်ကိုင်ဖုန်း အရေအတွက် သန်း ဂဏန်းခွင့်ပြု ချပေးထားခဲ့ရာ တရားဝင် တင်သွင်းတဲ့ ဟန်းဆက် အရေအတွက် မှာ ရာဂဏန်းသာ ရှိပါတယ်။ ထို့အတူ  ဓာတ်ဆီ၊ ဒီဇယ် စတာတွေကို လိုက် ကြည့်တဲ့ အခါမှာလည်း တင်သွင်းတာ ထက် သုံးစွဲတာဟာ အဆမတန်များ ပြားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် မို့ (Mobile Team) အနေနဲ့ လိုက်လံ စစ်ဆေးပြီး လိုင်စင်ပြန်လျှောက်ခိုင်းခြင်း၊ အခွန်ဆောင် ခိုင်းခြင်းတွေကို လုပ်ခဲ့ သလို ကန့်သတ် တင်သွင်းခွင့် မရှိသော ပစ္စည်းများကိုလည်း သိမ်းဆည်းပြီး နိုင်ငံတော်ကို အပ်နှံခဲ့တာတွေ ဆောင် ရွက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။
သိမ်းဆည်းရရှိမှု မြဝတီ၊ မူဆယ်လမ်းကြောင်း များမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက် ကနေ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း စစ် ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးရမှာလည်း ပညာပေးကာလအတွင်းမှာ အမှုတွဲ ၈၉ ခု၊ တန်ဖိုးကျပ် ၃၉၄ သန်းကျော်၊ အရေး ယူကာလအတွင်း အမှုတွဲ ၁၆၇၃ ခု၊ တန်ဖိုးကျပ် ၅၅၃၈ သန်းကျော်၊  စုစု ပေါင်းကျပ် ၅၉၃၃ သန်းကျော်ဖိုး တား ဆီးခဲ့ရမှုနဲ့ သစ်တော၊ ကျောက်မျက် သို့လွှဲပြောင်းပေးမှု၊ လေလံတင်ရောင်း ချရမှုနဲ့ ပုပ်သိုးပျက်စီးလွယ် ပစ္စည်းများ ဖျက်ဆီးခဲ့ရမှုများနှင့် စပ်လျဉ်းပြီး ဖမ်း ဆီးရမိမှု ကျပ် ၅၉၃၃၆ သန်းကျော်၊ လွှဲပြောင်းပြီးစီးမှု ကျပ် ၁၂၂၆ ကျပ် သန်းကျော်၊ လေလံတင်ရောင်းချမှု ကျပ် ၁၀၀၆၅ သန်းကျော်နဲ့ ဖျက်ဆီး မှုကျပ် ၄၈၄၂ သန်းကျော်ဖိုး နိုင်ငံတော် အတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ရေကြောင်းမှာလည်းစစ်မယ် အလားတူ တရားမဝင်တင်သွင်း နေမှုများမှာ နယ်စပ်လမ်းကြောင်းတွင် သာမကပဲ ပင်လယ်ရေကြောင်းမှ လာ သော ကုန်သင်္ဘောတွေ၊ ပင်လယ်ကမ်း ရိုးတန်းသွား ရေယာဉ်တွေမှာလည်း ရှိ နေကြော င်း တွေ့ရှိရ တဲ့အတွက် ၂၀၁၃  ဇူလိုင်လထဲမှာ ရေကြောင်းမှာလည်း (Mobile Team) များနဲ့ စစ်ဆေး သွား တော့ မှာဖြစ်ကြောင်း သိရှိရပါတယ်။
စစ်ဆေးမယ့်နေရာများ နိုင်ငံရဲ့ ကုန်သွယ်မှု တစ်ရပ်လုံးမှာ လက်ရှိအခြေအနေအရ ပျမ်းမျှအားဖြင့် နယ်စပ်ကုန်သွယ်မှုက ၂၀ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုက ၈၀ ရာခိုင်နှုန်း ပါဝင်တဲ့အတွက် နယ်စပ်နဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုများ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများ မှာ ဆောင်ရွက်သကဲ့ သို့ အဓိကကျတဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုများတွင် လည်း တရားမဝင်ကုန်သွယ်မှုများအား တားဆီး ထိန်းချုပ်ရန် လိုအပ်နေပြီ ဖြစ် ကြောင်း၊ပင်လယ်ရေကြောင်းကုန်သွယ် မှုများမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆိပ်ကမ်းနယ်မြေများ၊ ရေ ကြောင်းလမ်းများဖြစ်တဲ့အတွက် တရား မဝင်ကုန်သွယ်မှု များကိုဆက်လက်တားဆီး ထိန်းချုပ်ပြီးတရားဝင်လမ်းကြောင်းပေါ် သို့ တင်ပေးသွားမည် ဖြစ်ကြောင်း၊ ရန်ကုန် ဆိပ်ကမ်းနယ်မြေ အတွင်းရှိ ကမ်းရိုးတန်းကုန်သွယ်မှုဆိုင်ရာ ဆိပ် ကမ်းများ၊ ရန်ကုန်မြစ်ကြောင်း တစ် လျှောက်ရှိ Gate Way မှပဲခူးမြစ်၊ ရန်ကုန်မြစ် တစ်လျှောက် နယ်မြေများ၊ မော်တော်ကားလမ်းနှင့် အဝေးပြေး ကုန်တင်ယာဉ်ဂိတ်နှင့် ခရီးသည်တင်ဂိတ် များ၊ အပြည်ပြည်ဆိုင်ရာ လေကြောင်း မှ သယ်ဆောင်လာသည့် Hand Carry  များ၊ Air Cargo များ၊ နယ်စပ်မြို့များမှ ရန်ကုန် - မန္တလေးသို့ ပျံသန်းသည့် ပြည်တွင်း လေကြောင်းလိုင်းများ၊ Super Market  များ၊ သိုလှောင်ရုံ များသို့ စစ်ဆေးသွားမှာဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရပါတယ်။
ရှင်းလင်း အသိပေး စစ်ဆေးရေးအဖွဲ့အနေနဲ့ အခုလို စစ်ဆေးမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နဲ့ ညီနောင်အသင်း အဖွဲ့တွေ၊ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်တွေ၊ ပို့ဆောင်ရေး အသင်းတွေကို တွေ့ဆုံပြီး အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသလို တက်ရောက် လာသူများရဲ့ ဆွေးနွေး တင်ပြချက်၊ အကြံပြုချက်တွေကိုလည်း အလေးထား ထည့်သွင်းစဉ်းစား ခဲ့ကြောင်း သိရှိရပါ တယ်။
စစ်ဆေးရေးအဖွဲ့မှာ စစ်ဆေးရေးအဖွဲ့မှာ ပါဝင်တာက တော့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာန၊ မြန်မာနိုင်ငံရေ ကြောင်းရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည် များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မီဒီယာများ ပါဝင်မှာဖြစ် ပါတယ်။
ကုန်သည်များကိုယ်စား စစ်ဆေးရေးအဖွဲ့များနဲ့ ပတ်သက် ပြီး ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည် များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌကလည်း "နိုင်ငံတော် ပိုင်းမှ မည်မျှပင်ကြိုးပမ်းဆောင်ရွက်နေ သော်လည်း မလုပ်သင့်မလုပ် ထိုက်တာ ကို လုပ်နေကြတဲ့အတွက်၊ စောင့်ထိန်းမှု လျော့နည်းတဲ့အတွက် ယခုလို ဖြစ်နေ တာဖြစ်ကြောင်း၊ သတိမမူ ဂူမမြင်ဘဲ မိမိ ကိုယ်ကျိုးကွက်ကွက်လေးပဲလုပ် နေမယ်ဆိုရင် နိုင်ငံတော် ပြည်သူ ပြည်သားအားလုံး ချမ်းသားကြွယ်ဝတဲ့ နိုင်ငံဖြစ်လာဖို့ အခက်အခဲ ရှိနေမှာ ဖြစ်ပါတယ်။ အခွင့်အရေးတွေ ရနေ လျက်နဲ့ အခွန်အခရှောင်တိမ်းချင်တဲ့ စိတ်နဲ့လုပ်နေတာဟာ အတော်ရုပ်ဆိုး ကြောင်း၊ တရားမဝင်ကုန်သွယ်မှု လျော့ နည်းပပျောက်ဖို့ အရေးကြီးကြောင်း၊ Manufacture Sector တွေကို များစွာ ထိခိုက်စေလျက် ရှိကြောင်း၊ ယှဉ်ပြိုင် နိုင်မှုစွမ်းအား (Competativeness) မရှိလျှင် စက်ရုံ၊အလုပ်ရုံ ရင်းနှီးမဲ့ လူ တွေလာကြမှာ မဟုတ်ကြောင်း၊ အလုပ် အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးစေမှာ ဖြစ်ကြောင်း၊ တင်သွင်းပြီးမှ သုံးရမယ် ဆိုလျှင် သူများတိုင်းပြည်ကို မှီခိုနေကြ ရကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြု ပေးထား လျက်နဲ့ တရားမဝင် အခွန်ရှောင်ပြီး ကုန်သွယ်မှု ပြုလုပ်နေတာ မဖြစ်သင့် ပါကြောင်း၊ နယ်စပ်အသင်းများလည်း ပီပီပြင်ပြင်နဲ့ လုပ်ဆောင်ပေးနိုင် လှုပ် ရှားပေးနိုင်တဲ့ အသင်း အဖွဲ့များဖြစ်ရေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တရားမဝင် ကုန်သွယ်မှုတွေ ရှိနေတာ တွေ့ရကြောင်း၊ Mobile Team တွေမှာ စူးစူးစိုက်စိုက် တာဝန် ယူမဲ့ လူတွေထည့်ပေး မှာ ဖြစ်ကြောင်း၊ ရေရှည်မှာ Strategic System  ဖြစ်ဖို့ Land Route Trade များမှာ စနစ် တကျ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ Europe   မှာ တစ်နိုင်ငံမှ တစ်နိုင်ငံကို သယ်မယ်ဆိုလျှင် ဘယ်ကား ဘယ် အချိန်မှာ ရပ်မယ် ဆိုတာကို Montior လုပ်နိုင်ကြကြောင်း၊ Human error  များဟာ စိုးရိမ်ဖွယ် ရာရှိကြောင်း၊ အမြန်စနစ်တကျ နည်းဗျူဟာ၊ မဟာဗျူ ဟာများချမှတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း နိုင်ငံများအကြား ဖြတ်သန်း ကုန်သွယ်ရာမှာ စနစ်ကျဖို့လိုကြောင်း၊ Instruments တွေ Truck  ကားဖွဲ့ စည်းပုံတွေဟာ နယ်စပ်နဲ့ လိုက်လျော ညီထွေဖြစ်မဲ့ ကောင်းမွန် မှန်ကန်သော စနစ်နဲ့ အညီ ဆောင်ရွက်ရန်လို ကြောင်း၊ တရားမဝင် ကုန်သွယ်မှု မပ ပျောက်လျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ကို ထိခိုက်စေမှာဖြစ်ကြောင်း၊ ကျူး ကျော်မှုနဲ့ ထိုက်တန်တဲ့ အရေးယူမှု ကိုက်ညီဖို့ ကာရန်သင့်ဖို့ လိုကြောင်း၊ သို့မှသာ တားဆီးထိန်းချုပ်ရေး လုပ် ငန်းများ အကျိုး သက်ရောက်စေမှာ ဖြစ်ကြောင်း၊ ရေရှည်အတွက် Strategic System ချမှတ်ဖို့လိုကြောင်း မဖြစ်မနေ လျော့နည်း ပပျောက်ရေး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါ  တယ်။
နယ်မြေ ပိုင်းခြားမှု ဆိပ်ကမ်းတွေကိုစစ်ဆေးတဲ့အခါ မှာတော့ နယ်မြေတွေ ပိုင်းခြားဆောင် ရွက်မှာဖြစ်ပါတယ်။ ဒီလိုပိုင်းခြားရာမှာ တော့ ရန်ကုန်ဆိပ်ကမ်းနယ်မြေအတွင်း မှာရှိတဲ့ ကမ်းရိုးတန်းကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်း နယ်မြေ၊ ပင်လယ်ဝမှ ရန်ကုန် မြစ်တစ်လျှောက် နယ်မြေနဲ့ အပြည် ပြည်ဆိုင်ရာ ရေကြောင်းဆိပ်ကမ်းဆို ပြီး အပိုင်းသုံးပိုင်းခွဲခြားစစ်ဆေးသွားမှာ ပါ။ လောလောဆယ်မှာတော့ အပြည် ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဆိပ် ကမ်းနယ်မြေတွေကို မစစ်ဆေးသေးဘဲ စစ်ဆေးဖို့အတွက် ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်ရရှိချိန်မှာ စတင်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ကျန်နယ်မြေ (၂)ခုကိုတော့ ၂၀၁၃ ဇူလိုင်လ တတိယ ပတ်အတွင်းမှာ စတင်စစ်ဆေးဖို့ စီမံ ထားကြောင်း အခုဇူလိုင်လ ဒုတိယပတ် အထဲမှာတော့ တာဝန်ထမ်းဆောင်ရာ မှာ ပါဝင်မယ့် ဌာနဆိုင်ရာအသီးသီးနဲ့ ဝန်ထမ်းတွေကို ကိုယ်စီတာဝန်သတ် မှတ်ပေးမှုအရ ကြိုတင်ဇာတ်တိုက်လေ့ ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ ပါတယ်။ စတင်စစ်ဆေးစဉ်မှာတော့ အ ချိန်တစ်ခုသတ်မှတ်ပြီး ပညာပေး ကာလ အဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ပူးပေါင်းကူညီပါဝင်ကြစို့ နိုင်ငံတော်အနေဖြင့် ကုန်သွယ်မှု ကဏ္ဍတိုးတက်မြင့်မားစေရေးအတွက် ထင်သာမြင်သာပွင့်လင်း စွာဖြင့် ဖြေ လျော့ဆောင်ရွက်ပေးခဲ့ပြီဖြစ်ပါတယ်။ တရားဝင်လမ်းကြောင်းပေါ်တွင် ကုန် သွယ် မှု ပြုခြင်းဖြင့် နိုင်ငံတော် တိုး တက် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ပါဝင်ရာရောက်သည့်အတွက် ကုန်သည် လုပ်ငန်းရှင်များအနေ ဖြင့် စည်းမျဉ်းစည်းကမ်းဘောင် အတွင်းမှ လိုက်နာဆောင်ရွက် ရန် လိုသလို မမှန်မကန် ကုန် သွယ်မှုဆောင်ရွက်နေသူများ ၏ သတင်းများကိုလည်း ကူ ညီ ဖော်ထုတ်ပေးခြင်း အား ဖြင့်နိုင်ငံေ တာ်အကျိုး၊ ပြည် သူ လူထုအကျိုး စီးပွားကို ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြရန် လိုအပ်ပါ ကြောင်း။