Main menu

Background

ရူပီးတန်ဖိုးကျမှုကြောင့် ဒါဂျီလင် လက်ဖက်ခြောက်အပေါ် ဂယက်ရိုက်

Wed, 07/24/2013 - 11:47 -- ydnar

ဒါဂျီလင် လက်ဖက်ခြောက်နဲ့ အသားကျပြီးသားဖြစ်နေတဲ့ အိန္ဒိယ စားသုံးသူ တို့အတွက် ဒီနှစ်မှာ အကောင်းစားကိုရနိုင်တော့မည် မဟုတ် ပါ။ ရူပီးတန်ဖိုးကျလာတဲ့အတွက် ဒါဂျီ လင် လက်ဖက်ခြောက်ထုတ်လုပ်သူတွေ က ပို့ကုန်ဘက်ကိုဦးတည်လာပြီး၊ သူ တို့လုပ်ငန်းတွေကို ပြည်တွင်းဈေးကွက် ကနေ ကမ္ဘာ့ဈေးကွက်တွေဘက်ကို ပြောင်းတော့မှာ ဖြစ်ပါတယ်။

တချို့ ဒါဂျီလင်လက်ဖက်ခြောက်အမျိုးအစား တွေက တစ်ကီလိုကို ရူပီး ၉၀၀၀ အထိ ရှိပြီး ပြည်ပမှအမှာစာတွေလည်း ရှိနေပါ တယ်။ မကြာသေးမီက ဈေးကွက်ထဲမှာ ဒါဂျီလင်လက်ဖက်ခြောက်အဝယ်လိုက် လာတာက အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး အရည်အသွေးမြင့်လက်ဖက် ခြောက်ကို ပရီမီယံပေးဖို့အသင့်ဖြစ်နေ ပါတယ်။ “ရူပီးတန်ဖိုးကျတာက ဒါဂျီလင် လက်ဖက်ခြောက်အတွက် အခွင့်သာ စေခဲ့ပါတယ်။ ဒါဂျီလင်က ပို့ကုန်ဈေး ကွက်ကိုသာအမြဲမှီခိုခဲ့ရတာပါ။ ဒါပေမဲ့ မကြာသေးမီကာလအတွင်းက အိန္ဒိယ စားသုံးသူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား မြင့်တက်လာလို့ ကျွန်တော်တို့က ပြည် တွင်းဈေးကွက်ကိုလည်း အာရုံစိုက်လာ ပါတယ်။ ဒါပေမဲ့ ရူပီးတန်ဖိုးကျဆင်း ပြီးတဲ့နောက် ပို့ကုန်ဈေးကွက်တွေကို ပိုပြီးအာရုံစိုက်လာပါတယ်”လို့ဒါဂျီ လင် လက်ဖက်ခြောက်အသင်းဥက္ကဌ အက်စ် အက်စ်ဆာဂါရီးယားကအီကော်နောမစ် တိုင်းသတင်းကို ပြောပါတယ်။ ဒါဂျီလင်လက်ဖက်ခြောက်ထုတ် လုပ်မှုက ဇူလိုင်မှာ ၁၀ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။ ဒီရာသီအဝင်က ထုတ် လုပ်မှုနည်းခဲ့ပေမဲ့ ဇွန်လမှာအထွက်ပြန် တက်လာပါတယ်။ ဒါဂျီလင်လက်ဖက် ခြောက်ထုတ်လုပ်မှုက ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာပိုမိုလာမယ်လို့ ခန့် မှန်းထားပါတယ်။ ၂၀၁၂ ခုနှစ်က လက် ဖက်ခြောက်ကီလို ၉ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ယူရိုဇုန်အကျပ် အတည်းကြောင့် ဥရောပကိုလက်ဖက် ခြောက်တင်ပို့တာကို ထိခိုက်မှုမရှိခဲ့ဘူး လို့ ဆာဂါရီးယားက ပြောပါတယ်။