Main menu

Background

အမေရိကန်ဗဟိုဘဏ် ဆောင်ရွက်မှုမှ ရိုက်ခတ်လာမည့် ဂယက်ကို သက်သာအောင်လုပ်ဖို့ တောင်ကိုရီးယား တိုက်တွန်း

Wed, 07/24/2013 - 11:49 -- ydnar

အမေရိကန်ဗဟိုဘဏ်ရဲ့ ဘွန်းစာ ချုပ်တွေ ဝယ်ယူတာကို အဆုံးသတ် လိုက်တဲ့အခါ တခြားနိုင်ငံတွေရဲ့ စီးပွား ရေးနာလန်ထူတာကို မထိခိုက်စေရေး အတွက် ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍ ခေါင်း ဆောင်တွေက အတူတကွပူးတွဲဆောင် ရွက်ရမှာဖြစ်တယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဟွန်အိုဆုပ်ကပြော ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော် ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု စီးပွား ရေးနာလန်ထူတာ ထူူထူထောင်ထောင် ဖြစ်လာတာနဲ့ တစ်ပြိုင်နက်အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးတွန်းအားပေး တဲ့ အစီအစဉ်တွေကို ဘယ်လိုကိုင် တွယ်ဖြေရှင်းမယ်ဆိုတာကို ဂျီ-၂၀ အဖွဲ့ ဝင်နိုင်ငံတွေပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ဖို့လိုကြောင်း မော်စကိုမှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်ခန်းတစ်ခုမှာ ဟွန်က ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။ တကယ်လို့ ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း မှုမရှိရင် အမေရိကန်ဗဟိုဘဏ်ရဲ့ လှည့် လည်ငွေကြေးမြင့်တက်စေမဲ့ အစီအစဉ် ကို ရုပ်သိမ်းတာက တိုးတက်နှေးကွေး နေတဲ တခြားနိုင်ငံတွေကို ခြိမ်းခြောက် နိုင်ပြီး အပြန်အလှန်အားဖြင့် အမေရိ ကန်စီးပွားရေးတိုးတက်မှုကို ထိုင်းမှိုင်း စေကြောင်းသူကပြောပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ ဥရောပတို့ ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုပြန်လည်ထိန်းသိမ်း ဖို့ ကြိုးစားရာမှာ မည်ကဲ့သို့ တုံ့ပြန် ရမည်ကို အကဲဖြတ် ဆွေးနွေးရန် အတွက် ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးတွေ နဲ့ ဗဟိုဘဏ်အကြီးအကဲတွေက ဇူလိုင် ၁၈ ရက်မှာ စည်းဝေးလျက်ရှိပါတယ်။ အမေရိကန်ဗဟိုဘဏ်က ဆောင်ရွက် နေတဲ့ စီးပွားရေး တွန်းအားပေး အစီ အစဉ်ကို မကြာမီထိန်းချုပ်တော့မဲ့ သဘော ယခုရက်သတ္တပတ်အတွင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင်ဘာ နန်ကီကအရိပ်အယောင်ပြလာတဲ့ အပြင် ဥရောပခေါင်းဆောင်တွေက လည်း ဂျပန်နိုင်ငံက သူ့စီးပွားရေးတိုး တက်ဖို့အတွက် ဆောင်ရွက်ရာမှာ ဖြစ် ပေါ်လာမဲ့ အကျိုးဆက်တွေက ဖိတ်လျှံ အကျိုး သက်ရောက်မှု ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။