Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Wed, 07/24/2013 - 11:52 -- ydnar

ရှန်ဟဲ အဂတိ  လိုက်စားမှု အတွက် စုံစမ်း စစ်ဆေးမှုကို ရင်ဆိုင်ရမှာဖြစ် တဲ့ အတွက် တရုတ်နိုင်ငံမှာရှိနေတဲ့ ဂလက် ဇိုစမစ်ကလိုင်း (GSK) ရဲ့ ဗြိတိသျှလူမျိုးဘဏ္ဍာရေးဒါရိုက်တာကို တရုတ်အာဏာပိုင်တွေကတိုင်းပြည်မှ ထွက်ခွာခွင့် ပိတ်ထားကြောင်းကုမ္ပဏီကဇူလိုင်၁၈ရက်ကပြောကြားတာကို  အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။

 
ဝါရှင်တန် ထုထည် ကြီးမားစွာ စီစဉ် ထားတဲ့ ဘွန်းစာချုပ်ဝယ်ယူရေး အစီ အစဉ်ကို ဒီနှစ်ကုန်ကစပြီး လျှော့ချ သွားဖို့အမေရိ ကန်ပြည်ထောင်စုဗဟို ဘဏ်က ရည်မှန်းထားဆဲ ဖြစ်ပေမဲ့ တကယ်လို့စီးပွားရေး အလားအလာတွေ ပြောင်းသွားရင် အစီအစဉ်ကိုပြောင်းလဲ ဖို့ ရှိကြောင်း အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘင်ဘာ နန်ကီရဲ့ ဇူလိုင် ၁၇ ရက်နေ့ ကပြောကြားချက်ကိုရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက် ထိုင်းနိုင်ငံမှာရှိတဲ့အလုပ်ရှင် ၉၁ ရာခိုင်နှုန်းလောက်ကသူတို့အလုပ် ကြော်ငြာအတွက်အဓိကလမ်းကြောင်း အဖြစ်အွန်လိုင်းလူအင်အားစုဆောင်း ရေးဝက်ဘ်ဆိုက်တွေအပေါ် မှီခိုလာ ကြကြောင်းနဲ့ ဆိုရှယ်မီဒီယာတွေနဲ့ တခြားအလုပ်အကိုင်ကြော်ငြာလမ်း ကြောင်းတွေက သူတို့လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင် တာကို ညွှန်ပြေ န ကြောင်း Jobstreet.com မှာ ဖော်ပြထားပါတယ်။
ချန်ချောင်း နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ဖို့ အတွက် တရုတ်နိုင်ငံအလယ်ပိုင်းမှာ ရှိတဲ့ ချန်ချောင်းကနေ ဂျာမနီနိုင်ငံမှာ ရှိတဲ့ ဟမ်းဘတ်ကိုပြေးဆွဲမဲ့ကုန် ရထားကို ဇူလိုင် ၁၇ ရက်က စတင် ပြေးဆွဲမှာ ဖြစ်ကြောင်း တရုတ် မီး ရထား အာဏာပိုင်တွေက ဇူလိုင် ၁၆ ရက်နေ့က ပြောတယ်လို့ ရှင်ဝှာ သတင်းဌာနကသတင်းပေးပို့ပါတယ်။
ဟနွိုင်း ဗီယက်နမ် သတင်းစာကထုတ် လွှင့်နေတဲ့ vietnamnews.vn  ကနေ စီးပွားရေး ဝက်ဘ်ဆိုက် အဖြစ် Bizhub. vn ကိုပထမဆုံးအကြိမ် အဖြစ် စတင် ထုတ်လွှင့်နေကြောင်း နဲ့ Biz Hub    မှာကုမ္ပဏီအကြောင်း တွေ၊ စီးပွားရေး လုပ်ငန်း ဥပဒေတွေ အပြင်စီးပွားရေး လောကထဲမှ ထုတ် ကုန်သစ်တွေနဲ့ ဝေဖန်ချက်တွေပါဝင် မှာ ဖြစ်ကြောင်း  VNS သတင်းမှာ ဖော်ပြပါတယ်။