Main menu

Background

တရုတ်စီးပွားရေး ကျဆင်းမှုက ကမ္ဘာ့စီးပွားရေးအပေါ် အရိပ်မိုး

Wed, 07/24/2013 - 11:55 -- ydnar

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက် နှုန်း နှေးကွေးကျဆင်းတာက ဥရောပနဲ့ အာရှအပေါ်အရိပ်ကျလျက်ရှိကြောင်း ဇူလိုင် ၁၆ ရက်က လေ့လာဆန်းစစ်သူ တွေက ပြောကြားကြောင်း အေအက်ဖ် ပီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက် ကမ္ဘာ့စီး ပွားရေးအပေါ်ဒုက္ခအ၀၀ကျရောက်နိုင် တဲ့ တရုတ်နိုင်ငံစီးပွားရေးတိုးတက်မှုနဲ့  ကျဆင်းမှုအပြောင်းအလဲမြန်တာကို တရုတ်အစိုးရရှောင်ကွင်းနိုင်အောင် စွမ်း ဆောင်နိုင်ပ့ါမလားဆိုတဲ့ သံသယတွေ တိုးပွားစရာဖြစ်ခဲ့ရကြောင်း လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေးတိုး တက်မှုက ယခင်သုံးလပတ်က ၇ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်ဒုတိယ သုံးလပတ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို ဇူလိုင် ၁၆ ရက်က ထုတ်ပြန်တဲ့တရားဝင်စာရင်းဇယားတွေ မှာ တွေ့ရပါတယ်။ “ကမ္ဘာ့စီးပွားရေးကျဆင်းမဲ့အန္တ ရာယ်မှာ တရုတ်နိုင်ငံက အဓိကကျတဲ့ နေရာမှာ ရောက်ရှိနေပါတယ်။ မကြာ သေးမီကထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ တရုတ်စီးပွား ရေးတုံ့ဆိုင်းနေ တာကို တွေ့ရပါတယ်။ ထိုမျှမက ကြွေးမြီတိုးတက်နှုန်းလျင်မြန် နေတာနဲ့ ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်လာမဲ့ ဂယက်တွေ နဲ့ပတ်သက်ပြီး အစိုးရကစိုးရိမ်ပူပန်မှု တွေဖြစ်နေပါတယ်” လို့ VTB Capital  မှ စီးပွားရေးပညာရှင် နေးမက်ကင် နွန်က အေအက်ဖ်ပီကို ပြောပါတယ်။ တရုတ်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေး မှုရဲ့ ဂယက်ကို ဥရောပမှာအထောက် အထားသစ်အဖြစ် တွေ့ရပါတယ်။ ဥရောပဒေသက ယူရိုဇုန်ရဲ့ နိုင်ငံတော် ကြွေးမြီတာရှည်စွာ ခံစားနေရတာက နေ နာလန်ထူဖို့ခက်ခက်ခဲခဲရုန်းကန်နေ ရတဲ့ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပို့ကုန်တွေကျဆင်းတဲ့ကိစ္စအတွက်စိုးရိမ် မှုတွေကြောင့် ဥရောပမှာစီးပွားရေးအရ အကြီးဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံက ရင်းနှီး မြှုပ်နှံသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ အလားအလာမှေးမှိန်ခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးတိုးနှုန်း နှေးကွေးမှုကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် ကလည်း အာရှရဲ့စီးပွားရေးတိုးနှုန်းကို ၆ ဒသမ ၆ ရာခိုင်နှုန်းခန့်မှန်းထားရာမှ ၆ ဒသမ ၃ ရာခိုင်နှုန်းသို့လျှော့ချခန့် မှန်းခဲ့ပါတယ်။