Main menu

Background

ထိုင်းလေကြောင်းလိုင်းတွေ ယှဉ်ပြိုင်မှုများနဲ့ ရင်ဆိုင်နေရ

Wed, 07/24/2013 - 11:57 -- ydnar

၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ အာဆီ ယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) တစ်ခုဖြစ်ပေါ်လာတော့မှာဖြစ်လို့ လေ ကြောင်းလိုင်းဖြေလျော့မှုကို ဆောင်ရွက် ပေးမဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ထိုင်း လေကြောင်းလိုင်းတွေ ရင်ဆိုင်ရတော့ မယ်လို့ကာဆီကွန်သုတေသနဗဟိုဌာန က ပြောကြောင်း  ttrweekly သတင်း မှာ ဖော်ပြထားပါတယ်။

အေအီးစီက ပျံသန်းရေးကန့် သတ်ချက်မထားဘဲဒေသတွင်းရှိ ၁၀ နိုင်ငံမှာရှိတဲ့မြို့တွေကို လေကြောင်း လိုင်းတွေလွတ်လပ်စွာ ပျံသန်းနိုင်ဖို့ခွင့် ပြုထားတဲ့အတွက် အာဆီယံနိုင်ငံတွေ မှာ ကျင့်သုံးမဲ့ဖြေလျှော့မှုတွေက လေ ကြောင်းလိုင်းနဲ့ဆက်စပ်မှုရှိနေမှာ ဖြစ် ပါတယ်။ ဒီလိုခွင့်ပြုတဲ့အတွက် လေ ဆိပ်တွေအပေါ်ကိုလည်း အကျိုးသက် ရောက်မှုတွေရှိနေမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တစ်ခုလုံးမှာ သုဝဏ္ဏ ဘုမ္မိလေဆိပ်တစ်ခုတည်းမှာပင်ခရီးသည် ၅၃ သန်းသွားလာခဲ့ရာမှာ ယခုနှစ် ပထမငါးလပိုင်းမှာ သုဝဏ္ဏဘုမ္မိလေ ဆိပ်နဲ့ ဒွန်မောင်းလေဆိပ်တွေရဲ့ ပြည် တွင်း၊ ပြည်ပခရီး သွားလာရောက်မှုက ၁၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၈ ဒသမ ၅၁ သန်းရှိခဲ့ပါတယ်။ ဒါ ကြောင့် ထိုင်းနိုင်ငံရဲ့ လေကြောင်းလုပ် ငန်းက နှစ်စကတည်းက တိုးတက်မှုရှိ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လေကြောင်း လိုင်းလုပ်ငန်းက အာဆီယံတစ်ခုတည်း သောဈေးကွက်ဆီကို ဦးတည်နေတဲ့ အတွက် ယခုတိုးတက်မှုအရှိန်အဟုန် က ယခုနှစ် ဒုတိယနှစ်ဝက်အထိ ဆက် လက်တိုးတက်နေဦးမယ်လို့ ခန့်မှန်း ထားပါတယ်။ အေအီးစီဒေသတွင်း ခရီးသွားဈေးကွက်တွေဖွံ့ဖြိုးလာဖို့နဲ့ အာရှပစိဖိတ်ဒေသမှာ ကုန်ကျစရိတ် နည်းလေကြောင်းလိုင်းတွေရဲ့ ယှဉ်ပြိုင် မှုတိုးတက်အောင်အားပေးကြောင်း ဗဟိုဌာနက ပြောပါတယ်။ သုဝဏ္ဏဘုမ္မိနဲ့ ဒွန်မောင်းတို့လို ပထမတန်းနဲ့ ဒုတိယတန်းစားဝင်ပေါက် တွေမှာ ခရီးသည်ဝင်ရောက်မှုက ၆၅ ဒသမ ၂ သန်းကနေ သန်း ၇၀ ထိရှိ မယ်။ နှစ်အလိုက်အခြေခံနဲ့တွက်ရင် ၁၁ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်း အထိ တိုးတက်မယ်လို့ ယူဆနိုင်ပါ တယ်။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အတွက် အာဆီယံအစိုးရတွေက သူတို့ ရဲ့လေကြောင်းသွားလာမှု စွမ်းရည်ကို အားပြည့်သွားမှာ ဖြစ်ပါတယ်။ ဒီလို  ဆောင်ရွက်တဲ့အခါမှာ သယ်ယူပို့ ဆောင်ရေး အခြေခံ အဆောက်အဦကို ပါဝင်အောင်ဆောင်ရွက်မှာ ဖြစ်သလို အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံ သန်းမှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက်  ခေတ်မီလေယာဉ်ကွင်းတွေကိုပါ တည် ဆောက်မှာ ဖြစ်ပါတယ်။