Main menu

Background

LG Chem က ဂျာမန်အင်ဗတ်တာ ကုမ္ပဏီ အတွက် ဘက်ထရီအိမ်များ ပေးသွားမည်

Wed, 07/24/2013 - 11:58 -- ydnar

လောလောဆယ်မှာ ကမ္ဘာ့အကြီး ဆုံးနေစွမ်းအင်သုံးအင်ဗတ်တာထုတ် လုပ်သူဂျာမန်အခြေစိုက် SMA Solar Technology အတွက် လစ်သီယံအိုင် ယင်းဘက်ထရီအိမ်တွေကို ယခုလက စပြီးပေးသွင်းမှာဖြစ်ကြောင်း  LG Chem ကဇူလိုင် ၁၄ ရက်ကပြော ကြောင်း ကိုရီးယား ဟာရယ်သတင်းမှာ ဖော်ပြ ထားပါတယ်။

အိမ်သုံးအဖြစ် SMA ကထုတ်လုပ် တဲ့ Smart Energy စွမ်းအင်သိုလှောင် မှုစနစ်မှာ ဘက်ထရီအိမ်တွေကို အသုံး ပြုမှာဖြစ်ပါတယ်။ ယခုစွမ်းအင်သို လှောင်မှုစနစ်က နံရံကပ်အဖြစ်ပထမ ဆုံးထုတ်လုပ်တဲ့စနစ်ဖြစ်ပြီးနေရာအကျယ် ဆုံးနဲ့စွမ်းရည်အပြည့်ဝဆုံးရရှိနိုင်ဖို့ အတွက် ပူးတွဲအသုံးပြုမှာဖြစ်ကြောင်း LG Chem  ကပြောပါတယ်။LG Chem  နဲ့ ဂျာမန် ကုမ္ပဏီတို့က နှစ်ပေါင်း များ စွာ ပူးတွဲ သုတေသနပြုပြီး ထုတ်လုပ်တဲ့ အင်ဗတ်တာကို Intersolar Europe 2013   ၂၀၁၃ ပြပွဲမှာ အလင်းနဲ့လျှပ်စစ် ဓာတ် အား ထုတ်လုပ်တဲ့အမျိုးအစား အတွက် အကောင်းဆုံး တီထွင်မှု ကုန်ပစ္စည်း အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒီဆုက စွမ်း အင် စနစ်တွေ ပြုပြင်ပြောင်းလဲရေး အတွက် ဆောင်ရွက်တဲ့ စီမံကိန်းတွေ အတွက်ပေးတဲ့ အပြည်ပြည်ဆိုင်ရာ ဆုတစ်မျိုး ဖြစ်ပါတယ်။ ယခုလို လျှပ်စစ်ဓာတ်အားခတွေ မြင့်တက်နေချိန်မှာ အိမ်တွင်းစွမ်းအင် စီမံခန့်ခွဲမှုအတွက် LG Chem battery နဲ့ စွမ်းအားပေးထားတဲ့ Summy Boy Smart Energy  က ဈေးကွက်ဝယ်လို အားကိုတိုးမြှင့်ပေးနိုင်မှာ ဖြစ်ကြောင်း လုပ်ငန်းဆိုင်ရာသတင်းရပ်ကွက်မှ ပြော ပါတယ်။ “အနေတော်ပိုမိုလုံခြုံစိတ်ချရပြီး ပို မိုတာရှည်ခံမဲ့ဘက်ထရီတွေကို ဒီလို လျှပ်စစ်ဓါတ်အားသိုလှောင်မှုစနစ် အတွက် ထုတ်လုပ်ပေးပြီး ကျွန်တော် တို့ကုမ္ပဏီတိုးတက်ရေးအတွက် မောင်း နှင်အားဖြစ်နေတဲ့ ဒီစွမ်းအင်သိုလှောင် မှုစနစ်ကို ကျွန်တော်တို့ဆောင်ရွက်ဖို့ စီမံသွားမှာပါ” လို့ LG Chem  ရဲ့ စွမ်းအင်ထုတ်လုပ်ရေးဌာနခွဲ ဥက္ကဌ ကွမ်ယန်းဆူးက ပြောပါတယ်။ ကမ္ဘာ့စွမ်းအင်သိုလှောင်မှုစနစ် က နှစ်စဉ် ၅၃ ရာခိုင်နှုန်းတိုးတက်ပြီး ၂၀၁၆ ခုနှစ်မှာ ဝမ် ၅၈ ထရီလီယံ (ဒေါ်လာ ၅၈၀ ဘီလီယံ) ဖိုးထိရောက်ရှိမယ်လို့ ဈေးကွက်သုတေသနအဖွဲ့ Navigant Research  ကခန့်မှန်းထားပါတယ်။