ထိုင်းဆန်စပါးအစီအစဉ်မှ ဆုလဒ် အစိတ်အပိုင်းအချို့ကိုသာ လယ်သမားများရရှိ

အစိုးရရဲ့ အာမခံထား အစီအစဉ် အရတစ်တန်ကိုဘတ် ၁၅၀၀၀ ဈေးနှုန်း ကရရှိလာတဲ့ အကျိုးကျေးဇူးကို လယ် သမားများသာမက ဆက်နွှယ်နေသော အဖွဲ့အစည်းအသီးသီးတို့ပါ ခံစားနေရ ကြောင်း နေရှင်းသတင်းမှာဖော်ပြထား ပါတယ်။

နေရှင်းသတင်းဌာနမှ ကောက်ယူ တဲ့စစ်တမ်းအရ အစိုးရပေးတဲ့ဈေးနှုန်း ကို လယ်သမားတွေက တစ်တန်ကို ဘတ် ၂၀၀၀ သာခံစားခွင့်ရရှိခဲ့ပါတယ်။ ကျန်တဲ့ငွေကြေးကမြေရှင်တွေ၊ ဓာတ် မြေသြဇာနဲ့ ပိုးသတ်ဆေးကုမ္ပဏီတွေ၊ အလုပ်သမားတွေ၊ ထရပ်ကားပိုင်ရှင် တွေနဲ့ ကြားပွဲစားတွေဆီကိုရောက်သွား ပါတယ်။ အစီအစဉ်ရဲ့ ပထမနှစ်မှာ အလေအလွင့်အဖိတ်အစင်မှာ ဘတ် ၁၃၆ ဘီလီယံရှိခဲ့ပါတယ်။ ၂၀၁၁-၁၂ ခုနှစ်က အာမခံဈေး နှုန်းကို ဘတ် ၁၅၀၀၀ ပေးတဲ့စနစ်ကို ကြေညာတဲ့အခါမှာ မြေရှင်တွေက မြေ ငှားခကို တစ်ရိုင်အတွက် ဘတ် ၅၀၀ နဲ့ ဘတ် ၈၀၀ ကနေ (တစ်ဟက်တာ ကို ၃၁၂၅ ဘတ်နဲ့ ဘတ် ၅၀၀၀) ကနေတစ်ရိုင်ကို ဘတ် ၁၀၀၀ ကနေ ၁၅၀၀ အထိ တိုးမြှင့်လိုက်ပါတယ်။ လယ်ယာသုံးထွန်စက်ငှားရမ်းခကလည်း တစ်ရိုင်အတွက် ဘတ် ၂၀၀ ကနေ ဘတ် ၃၀၀ အထိ တိုးမြှင့်ခဲ့ပါတယ်။ လယ်ယာ လုပ်သားငှားရမ်းခ ကလည်း တစ်ရက် ဘတ် ၁၅၀ ကနေ ဘတ် ၃၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ အပေါင် ထားဈေးနှုန်းမြင့်တက်ခဲ့ပေမဲ့ လယ်သ မားတွေကတော့ဆင်းရဲတွင်းနက်နေဆဲ ပါပဲလို့ ထိုင်းလယ်သမားထောက်ပံ့ရေး အသင်းဥက္ကဌ ပူတီဆရီဆာမူနပ်က ပြောပါတယ်။ လယ်သမားတွေတစ်တန် ကို ဘတ် ၁၅၀၀၀ ပြည့်အောင်မရတဲ့ အဓိကအကြောင်းအရင်းက အစိုဓာတ် ကလည်းအဓိကအကြောင်းအရင်း ဖြစ် ပါတယ်။ အစိုဓာတ်ကြောင့် ဆန် အရည်အသွေးနိမ့်တယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ဆန်စက်တွေက လယ်သမား တွေကို တစ်တန်အတွက် ဘတ် ၂၀၀၀ ပဲပေးပါတယ်။ အာမခံထားဈေးနှုန်းကို တိုးမြှင့် ပေးတာနဲ့ နှိုင်းယှဉ်ရင်လယ်သမားတွေ ကို တစ်တန်မှာ ဝင်ငွေထောက်ပံ့ကြေး အဖြစ် ဘတ် ၃၀၀၀ တိုက်ရိုက်ပေးဖို့ အစိုးရကို ပူတီကတိုက်တွန်းထားပါ တယ်။ လယ်သမားတွေကို တကယ် တန်း ကူညီချင်တယ်ဆိုရင် အစိုးရက ဒီထက်ပိုပြီး ဆောင်ရွက်သင့်တယ်လို့ သူက ပြောပါတယ်။ ဗီယက်နမ်၊ ဂျပန် နဲ့ အမေရိကန် ပြည်ထောင်စုမှာ အစိုးရ က လုပ်ငန်း အစအဆုံးမှာ ရှိနေတဲ့ အကြောင်းတရားအားလုံးကိုထည့်သွင်း တွက်ချက်တယ်။ အာမခံထား ဈေး နှုန်းက ပြဿနာတွေရဲ့ တစ်စိတ် တစ် ပိုင်းသာ ဖြစ်တယ်လို့ သူက ပြောပါ တယ်။