Main menu

Background

တရုတ်နိုင်ငံ နေစွမ်းအင်ထုတ်လုပ်မှုကို ၂၀၁၅ ခုနှစ်မှာ လေးဆ မြှင့်တင်မည်

Wed, 07/24/2013 - 12:03 -- ydnar

တရုတ်နိုင်ငံရဲ့ ဆိုလာပြားထုတ် လုပ်မှုလုပ်ငန်းက ထုတ်လုပ်မှုများပြား လာတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ နေစွမ်း အင်ကနေ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု ကို စွမ်းအင်ကို လေးဆ တိုးမြှင့်ပြီး ဂိုင်ဂါ ဝပ် ၃၅ အထိအသုံးပြုမှာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ထားပါ တယ်။

ဒီရည်မှန်းချက်ကို နိုင်ငံရဲ့လျှပ်စစ် ဖြန့်ဖြူးရေးကိုတာဝန်ယူဆောင်ရွက်နေ တဲ့ State Grid  ကချမှတ်ခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ယခုအခါမှာတော့ နိုင်ငံ တော်ထိပ်တန်းအုပ်ချုပ်မှုအဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတော်ကောင်စီ (ဝန်ကြီး အဖွဲ့) က တရားဝင်ကျောထောက် နောက်ခံပေးထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁၀ ဂိုင်ဂါ ဝပ်ဝန်းကျင်တိုးထုတ်သွားမယ်လို့ နိုင်ငံ တော်ကောင်စီက ကြေညာပါတယ်။ နေစွမ်းအင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မယ်ဆိုရင် ဆန်းတက် ပါဝါဟိုးလ်ဒင်း ကုမ္ပဏီနဲ့ အယ်လ်ဒီကေဆိုလာ ကုမ္ပဏီတွေလို ပြည်တွင်းဆိုလာပြားထုတ်လုပ်သူတွေ သာ အကျိုးရှိရုံမျှမကဈေးနှုန်းသက်သာ တဲ့ တရုတ်ပို့ကုန်တွေတပြုံတမကြီးဝင် နေလို့ ဒုက္ခတွေ့နေရတဲ့ ကမ္ဘာ့ထုတ် လုပ်သူတွေကိုလည်း အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုနှစ်ခုစလုံးက တရုတ်နိုင်ငံ ကတင်ပို့တဲ့ ဆိုလာပြားတွေကို တန်ပြန် စုပုံခွန် ကောက်ခံလျက် ရှိပါတယ်။ ဒါပေမဲ့ အစိုးရက ဆိုလာပြားထုတ်လုပ် မှုအတွက် ထောက်ပံ့ကြေးမရှိတာနဲ့ ပြန်ပြည့်မြဲစွမ်းအင်လိုအပ်ချက်ကို ထိန်း ချုပ်ဖို့အတွက် လိုအပ်နေတဲ့ အခြေခံ အဆောက်အဦ မရှိတဲ့အတွက် ရည် မှန်းချက်ပြည့်မီမှာမဟုတ်ဘူးလို့ လေ့ လာဆန်းစစ်သူတွေက သံသယရှိပါ တယ်။ “တရုတ်နိုင်ငံက တိုးမြှင့်နိုင်မဲ့ ပမာ ဏက ၂၁ ဂိုင်ဂါဝပ်ပဲရှိပြီး ၃၅ ဂိုင်ဂါ ဝပ်ထိထုတ်လုပ်ဖို့က အခက်အခဲရှိနိုင် တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ရှန်ဟဲအခြေစိုက် အတိုင်ပင်ခံအဖွဲ့ ဆိုလာစွမ်းရဲ့ လေ့လာဆန်းစစ်ရေး အကြီးအကဲ ဂျေဆန်းကပြောပါတယ်။ ယခုနှစ်အတွင်းမှာ ကမ္ဘာမှာထုတ် လုပ်မှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ထုတ်လုပ်နိုင်မှု စွမ်းအားက ၄၅ ဂိုင်ဂါ ဝပ်ရှိပြီး ကမ္ဘာ့ ဝယ်လိုအားက ၃၅ ဂိုင် ဂါဝပ်ရှိမှာ ဖြစ်ကြောင်း လုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပြည်တွင်းမှာတပ်ဆင်ထားတဲ့ နေစွမ်း အင်သုံးလျှပ်စစ်ထုတ်လုပ်မှုစွမ်းအားက ၂၀၁၂ ခုနှစ်အထိ ရှစ်ဂိုင်ဂါဝပ်ပဲရှိခဲ့ပါ တယ်။ ထုတ်လုပ်မှုစွမ်းအားကသာလွန် နေခြင်း၊ အစိုးရရဲ့ထောက်ပံ့မှုကျဆင်း ခြင်းနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုတွေ ကြောင့် ဒီကဏ္ဍမှာအထိနာနေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ် က ဆိုလာပြားဈေးနှုန်းတွေက သုံးပုံနှစ် ပုံ ကျဆင်းခဲ့တဲ့အတွက် ထုတ်လုပ်သူ တွေမှာ ငွေကြေး အကုန်အကျများပြီး ကြွေးမြီပင်လယ်မှာ ရုန်းကန် နေရပါ တယ်။