Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများကို အိန္ဒိယနိုင်ငံက လျှော့ချ

Wed, 07/24/2013 - 12:04 -- ydnar

တယ်လီကွန်ဆက်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန့်သတ်ထား တာကိုဖယ်ရှားဖို့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အသစ်တွေမှာရှိတဲ့ ကဏ္ဍ အသီးသီးကို ပင်လယ်ရပ်ခြားမှု ပိုင်ဆိုင် မှု စည်းမျဉ်းတွေကို ဖြေလျှော့ပေးဖို့ အတွက် အိန္ဒိယနိုင်ငံဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးတွေက စီမံဆောင်ရွက်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထား ပါတယ်။

ဒီလိုလုပ်ဆောင်တာက ရင်းနှီးမြှုပ် နှံသူတွေကို ဆွဲဆောင်ဖို့ရည်ရွယ်တဲ့ အပြင် ၂၀၁၄ ခုနှစ်၊ မေလမှာ အထွေ ထွေရွေးကောက်ပွဲအတွက် ကွန်ဂရက် ပါတီက မဲဆန္ဒရှင်တွေနဲ့ ရင်မဆိုင်မီ စီးပွားရေးထူထူထောင်ထောင်ဖြစ်လာဖို့ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်ပါတယ်။ “ဒီဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီး ဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့မျှော် လင့်ပါတယ်” လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး အာနန်ရှားမား က ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အိန္ဒိယစီးပွားရေးက ဆယ်စုနှစ်တစ်ခုအတွင်း နှေးကွေးနှုန်း ဖြစ်တဲ့ ငါးရာခိုင်နှုန်းနဲ့ တိုးတက်တဲ့ အတွက် ဒီစီးပွားရေးကိုယုံကြည်မှုရရှိ အောင် ပြန်လည်တည်ဆောက်ဖို့နဲ့ မကြာသေးမီရက်သတ္တပတ်များအတွင်း မကြုံဘူးအောင်ကျဆင်းခဲ့တဲ့ ရူပီးတန်ဖိုး ကိုမြှင့်တင်ဖို့ အစိုးရကကြိုးပမ်းဆောင် ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်မှုတွေ ထဲမှာ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းသဘာ ပတိအဖြစ် ဆောင်ရွက်တဲ့ အစည်း အဝေးမှာ ဝန်ကြီးတွေကတယ်လီကွန် အဝေးဆက်သွယ်ရေးမှာ နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုကို ယခင်က ၇၄ ရာခိုင်နှုန်းခွင့်ပြုထားရာကနေ ၁၀၀ ရာ ခိုင်နှုန်းထိ တိုးမြှင့်ခွင့်ပြုပေးခဲ့တာဖြစ်ပါ တယ်။ ဒါ့အပြင် ကုန်အမှတ်တံဆိပ်တစ် ခုတည်းကို လက်လီရောင်းတာနဲ့ ရေနံ သန့်စင်ရေးလုပ်ငန်းတွေမှာ တချို့ အဆင့်တွေမှာ အစိုးရခွင့်ပြုချက်ရယူရ တာကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။